ထိုင်းရောက်ဒုက္ခသည်တွေ အိမ်ပြန်ရေး နီးပြီလား

Burmese Refugees in Thailand ဓာတ်ပုံ မူပိုင် AP
Image caption ဒုက္ခသည် အများစုက ပြည်တွင်းကိုမပြန်လို

ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေက အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ခဲ့ကြပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးပြီး ထိုင်းနိုင်ငံမှာ ရောက်ရှိတဲ့ နေတဲ့ မြန်မာ ဒုက္ခသည်တွေထဲမှာ အုံးပြန် ဒုက္ခသည် စခန်းကမှာရောက်နေသူတွေလည်း အများအပြား ရှိပါတယ်။

သူတို့ နေရပ်ကို ပြန်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရ ဘက်က စီစဉ်နေတာတွေကို မသိရပေမဲ့ ပြည်နယ် အစိုးရနဲ့ ကရင်ဒုက္ခသည်ဆိုင်ရာ ကော်မတီက ဆွေးနွေးနေတယ်လို့သိရကြောင်း အုံးပြန် ဒုက္ခသည် စခန်းက ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

အဲဒီ စခန်းမှာ ကိုယ့်နိုင်ငံပြန်ချင်သူတွေရှိသလို အများစုကတော့ မပြန်ချင် ကြဘူးလို့ သူကဆိုပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာ ဘာသာရေး ဖိနှိပ်မှုတွေ ရှိနေတဲ့ အတွက် အစ္စလာမ်ဘာသာဝင်တွေက မပြန်ချင်ကြဘူးလို့ သူက ပြောပါတယ်။

စခန်းထဲမှာ ဆယ်စုနှစ်တွေနဲ့ချီနေခဲ့ကြသူတွေကလည်း ပြည်တွင်းမှာ ရပ်တည်နေထိုင်ကြဖို့ အခြေခံတွေ မရှိတဲ့ အတွက် အခက်အခဲဖြစ်မှာ စိုးရိမ်ကြတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ NLD အစိုးရရဲ့ ငြိမ်းချမ်းရေး ကိစ္စအပ်အဝင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့လည်း ပြည်ပရောက် မြန်မာတွေ စောင့်ကြည့် နေကြပြီး အစိုးရရဲ့ ကြိုးပမ်းမှုတွေက အောက်ခြေအထိ သက်ရောက်တာ မတွေ့ရသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

မကြာခင် ထိုင်းနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်လာတဲ့ အခါ လက်မဲ့ဖြစ်နေတဲ့ မြန်မာတွေရဲ့ အနာဂတ်အတွက် လမ်းဖွင့်ပေးနိုင်ရေး၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင် စားသောက် နိုင်ရေး တို့ကို ကူညီဆောင်ရွက်ဖို့ ဆွေးနွေးတင်ပြမယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ