အပစ်မရပ် ၃ ဖွဲ့ နဲ့ ငြိမ်းချမ်းရေး အဖွဲ့ တွေ့မယ်

ဓာတ်ပုံ မူပိုင် AP
Image caption အဖွဲ့တွေ ပထမ အကြိမ် တွေ့ ဆုံ ခဲ့တာနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အတည်ပြု ခဲ့

အပစ်ရပ်လက်မှတ် မထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ AA ရခိုင့်တပ်မတော်၊ TNLA တအာင်း လက်နက်ကိုင် အဖွဲ့၊ MNDAA ကိုးကန့် လက်နက်ကိုင် အဖွဲ့တို့ဟာ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး ဆောင်ရွက်နေတဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဇွန်လ အတွင်း တွေ့ဆုံမယ်လို့ သိရပါတယ်။

အရင်ကတော့ အဲဒီ လက်နက်ကိုင်အဖွဲ့တွေ လက်နက်စွန့်လွှတ်မှသာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်လို့ တပ်မတော်ဘက်က ပြောထားတာပါ။

၂၁ ရာစု ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ ရခိုင့် တပ်မတော် AA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA တို့ ဇွန်လ အတွင်းမှာ ထပ်တွေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

အစိုးရ ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ ရှိကြောင်း ရခိုင်တပ်မတော် အေအေ မှ ဗိုလ်မှူးကြီး ကျော်ဟန် က ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရခိုင့် တပ်မတော် AA၊ တအာင်း ပလောင် TNLA ၊ ကိုးကန့် MNDAA တို့ အဖွဲ့တွေ ပထမ အကြိမ် တွေ့ ဆုံ ခဲ့တာနဲ့ပတ်သက်ပြီး နှစ်ဘက်စလုံးက အတည်ပြု ခဲ့ကြပါတယ်။

ဒါပေမယ့် တွေ့ဆုံပွဲ အတွင်းမှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

အခုလို ထပ်မံ တွေ့ဆုံ ရတာ နဲ့ ပတ်သက်လို့ တစ်ဘက်မှာလည်း စစ်တပ် က လက်နက် ချပြီးမှ ဆွေးနွေးမယ်လို့ ပြောထားပေမယ့် အခု အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီးမှ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းဖို့ တွေ့ဆုံတာ လို့ ရခိုင်တပ်မတော် AA ဗိုလ်မှူးကြီး ကျော်ဟန်က ပြောပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အကုန်လုံး တက်ရောက် ခွင့်ရမယ်ဆိုရင် NCA တစ်န်ိုင်ငံလုံး အပစ်ရပ်ရေးက လမ်းပွင့် သွားနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ အတွက် ၂၁ ရာစု ပင်လုံ ညီလာခံ က တိုက်ရိုက် သက်ဆိုင်မှု ရှိနေကြောင်း သုံးသပ် ပြောကြား မှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ