UNFC နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံမယ်

Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ကြမယ့် အစီအစဉ်တွေကို ညှိနှိုင်း ကြဖို့ အတွက် နှစ်ဘက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က အစိုးရနဲ့ ညှိနှိုင်းဖို့ ဖွဲ့ထားတဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ DPN နဲ့ အစိုးရက အပစ်မရပ်သေးတဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဖို့ ဖွဲ့ထားတဲ့ ပင်လုံညီလာခံ အကြို ပြင်ဆင်ရေး ဆပ်ကော်မတီ၂ တို့ ဇူလိုင်လ ၁ ရက်နေ့မှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

နှစ်ဘက် ဆွေးနွေးပွဲကို DPN အဖွဲ့ခေါင်းဆောင် ခွန်ဦးရယ် ပါဝင်တဲ့ ကိုယ်စားလှယ် ၆ယောက် တက်ရောက် မှာပါ။

ဇွန်လ ၃ ရက်နေ့မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့က ချင်းမိုင်ကို လာရောက် တွေ့ဆုံ ခဲ့ပြီး နောက်ဆက်တွဲ အနေနဲ့ ဆွေးနွေးရမယ့် အချက်တွေ ရှိတာကြောင့် ထပ်မံ တွေ့ဆုံကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ လုပ်ကြမယ့် အစီအစဉ်တွေကို ညှိနှိုင်း ကြဖို့ အတွက် နှစ်ဘက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ချင်းမိုင်မှာ လာရောက် ဖိတ်တုန်း က နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မှုဘောင် ကို ပြန်လည် သုံးသပ်မယ့် အစီအစဉ် မှာ ပါဝင်ဖို့ အတွက် ပင်လုံညီလာခံ ပြင်ဆင်ရေး ဆပ်ကော်မတီ ၂ က ဖိတ်ခေါ်ခဲ့တယ်လို့ ပြောပါတယ်။

အဖွဲ့အားလုံး ပါဝင်ရေး မူအပေါ်မှာ အခြေခံသလား ဆိုတဲ့ မေးခွန်း ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အကြောင်း နဲ့ အားလုံး ပါဝင်ရေး ကို မူအားဖြင့် ဖော်ဆောင်နေကြောင်း အစိုးရ အဖွဲ့ဘက် က တုံ့ပြန် ခဲ့တယ်လို့ ခွန်ဦးရယ် က ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ NCA အပေါ်မှာ အခြေခံပြီး မှ ဆောင်ရွက်မယ့် ဖြစ်စဉ် ဖြစ်တာကြောင့် မူဘောင်ကို သုံးသပ်မယ့် အချိန်မှာ စတင်ပါဝင် ရမယ်ဆိုရင် ဘယ်အခန်း ကဏ္ဍ နဲ့ ဘယ်လို ပါဝင် ရမယ်ဆိုတာ ကိုလည်း ဆွေးနွေးကြမှာပါ။

ပြီးခဲ့တဲ့ အစိုးရ လက်ထက် က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ NCA အပေါ်မှာ အခြေခံ ထားတဲ့ အတွက် လက်မှတ် မထိုးထားသေးရင် လေ့လာသူ အနေနဲ့ ပဲ တက်ခွင့် ရမယ်၊ တပ်မတော် ဘက်က ဆိုရင်လည်း လုံးဝ တက်ခွင့် မပြုဘူးဆိုတဲ့ တဲ့ တုံ့ပြန် ချက်တွေ ရှိခဲ့ပါတယ်။

NLD အစိုးရသစ် လက်ထက်မှာ အစိုးရရဲ့ သဘောထား တွေကို နှုတ်အားဖြင့် ပြောတာ ထက် စာရင် စာနဲ့ ချပြ နိုင်တယ်ဆိုရင် UNFC ဘက် က ပိုမို စဉ်းစား နိုင်မယ်လို့ ပြောပါတယ်။

တပ်မတော် ဘက်က ကိုယ်စားလှယ် အနေနဲ့ ပါလာတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ဇော်ဦး က အပစ်မရပ်သေးတဲ့ အဖွဲ့ သုံးဖွဲ့ ဖြစ်တဲ့ AA၊ တအာင်း ပလောင် နဲ့ ကိုးကန့် အဖွဲ့တွေက လက်နက် တွေကို တစ်နေရာရာမှာ ထားခဲ့ ရမယ် ဆိုတဲ့ သဘောထား မျိုး ကို ထုတ်ဖော် ပြောကြား ထားတာ ရှိတယ်လို့ ပြောပါတယ်။

ဦးခင်ဇော်ဦး ရဲ့ ပြောကြားချက်က NLD အစိုးရ အဖွဲ့ရဲ့ မူဝါဒများလား ဆိုတာ တိတိပပ မရှင်းလင်းသေးဘူးလို့ သိရပါတယ်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် ၉ ဖွဲ့ ထဲကမှ ၆ ဖွဲ့ နဲ့ သဘောထား က တစ်မျိုး ဖြစ်နေပြီး အခြား ၃ ဖွဲ့ နဲ့ သဘောထား တစ်မျိုး နဲ့ ဆက်ဆံ နေတယ်လို့ ပြောပါတယ်။

NLD အစိုးရ လက်ထက်မှာလည်း အားလုံး ပါဝင်တဲ့ မူဝါဒ အခင်းအကျင်း ကို ဖော်ဆောင်မယ်လို့ ပြောကြား နေပေမယ့် အရင် အစိုးရ လုပ်ခဲ့တဲ့ အခြေခံ အပေါ်မှာပဲ ဆက်လုပ်နေတာကြောင့် သဲသဲ ကွဲကွဲ မသိရသေးဘူးလို့ ခွန်ဦးရယ် က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ