အသက်အရွယ် ကြီးတဲ့ နိုင်ငံသားတွေ အတွက် သီးသန့်ကတ်ပြားတွေ ထုတ်ပေးမယ်

_myanmar_senior_citizen_
Image caption လုံလောက်တဲ့ လူမှုဖူလုံးရေး စနစ် ရှိဖို့ လိုအပ် နေ။

မြန်မာနိုင်ငံမှာ အသက် ၆ဝ အထက် သူတွေကို သီးသန့် အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေး နိုင်ဖို့ အစိုးရဘက်က စာရင်းပြုစု နေပါတယ်။

အသက်အရွယ် ကြီးရင့်တဲ့ နိုင်ငံသားတွေ အနေနဲ့ အများပြည်သူ သုံး ယာဉ် ရထား တွေ စီးနင်း ရာမှာ သက်သာတဲ့ နှုန်းထား ခံစား ခွင့် အပါအဝင်၊ လိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာ ထောက်ပံ့မှုတွေ ရရှိ နိုင်ဖို့ စီစဉ် နေတယ် ဆိုပြီး လူမှု၀န်ထမ်း ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရပ်ခြား တိုင်းပြည်တွေ မှာလည်း စီနီယာ စီတင်ဇင်လို့ ခေါ်တဲ့ ပင်စင်စား အရွယ် နိုင်ငံသားတွေ အတွက် အထူး ခံစားခွင့် တွေ ရှိပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံ လက်ရှိ အခြေအနေ မှာတော့ သက်ကြီး ရွယ်အိုတွေ အတွက် လိုအပ်နေတာဟာ သာမန် အခွင့်အရေး မျိုးတွေ သာမက ပဲ၊ အိုမင်းမစွမ်း အချိန်တွေမှာ လမ်းနံဘေး အလှူခံစား နေရတဲ့ ဘဝမျိုးက လွတ်မြောက်အောင် လုံလောက်တဲ့ လူမှုဖူလုံးရေး စနစ် ရှိဖို့ လိုအပ် နေတယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ပထမဆုံး ရက် ၁ဝဝ စီမံကိန်းထဲ လမ်းနံဘေး ရောက်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းတွေ အရေအတွက် လျော့နည်း သွားအောင် လုပ်ဆောင်မယ် ဆိုတဲ့ အချက်လည်း ပါဝင် တယ် ဆိုပြီး ဦးစိုးကြည်က ပြောပါတယ်။

သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေမူကြမ်း တစ်စောင်လည်း အစိုးရ အဖွဲ့ရုံးကနေ လွှတ်တော်ကို တင်ပြ ထား ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၂ သန်း ရှိတဲ့ မြန်မာနိုင်ငံမှာ အသက် ခြောက်ဆယ်ကျော် ဦးရေ ၁၀ % နီးပါး ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ