ချင်းတွင်းနဲ့ ဧရာ၀တီ အထက်ပိုင်း ရေတက်နေ

Image caption ခန္တီးနဲ့ ဟုမ္မလင်းမှာ အိမ်ခေါင်ရေမြုပ်နေပြီ

ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် အထက်ပိုင်း ဒေသ တစ်ချို့မှာ ရှိတဲ့ မြို့တွေ ၊ ကျေးရွာတွေမှာ မိုးများပြီး မြစ်ရေတွေ တိုးကာ ရေကြီးနေပါတယ်။

နောက်နှစ်ရက် ရောက်လောက်အထိ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတွေမှာ မိုးရွာဖို့ရှိ နေသေးတယ် လို့ မိုးလေ၀သ ဌာနက ပြောပါတယ်။

ချင်းတွင်းမြစ် အထက်ပိုင်း ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေထဲကို ရေ၀င်နေပြီ ဖြစ်သလို အဲဒီမြို့တွေ အနီးက တစ်ချို့ရွာတွေမှာ အိမ်ခေါင်တွေမြုပ်တဲ အထိ ရေတွေ တက်လာ နေဆဲဖြစ်ပါတယ်။

မြို့ပေါ်က ရပ်ကွက် ငါးခုမှာ သုံးခုလောက်ရေ မြုပ်နေပြီလို့ ခန္တီး မြို့က အခြေနေကို ဒေသခံ ကိုအောင်ဆန်းမြင့် က ပြောပါတယ်။

ဒါ့အပြင် ခန္တီးအထက်က ရွာ၆ရွာလောက် လုံးဝရေမြုပ်ပြီး လူတွေ ကျွဲနွားတွေဟာ တောင်ကုန်းတွေပေါ်ပြောင်းပြီး နေရတယ် လို့လည်း သူက ဆိုပါတယ်။

ဟုမ္မလင်းမြို မှာလည်း ရေကြီးနေပြီး ဧရာဝတီ မြစ်ရေဟာ ရွှေကူမှာ စိုးရိမ် ရေအမှတ်အနီး ရောက်နေသလို ဗန်းမော် တစ်ဖက်ကမ်းမှာတော့ မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၈၀လောက် ပြောင်းရွှေ့ခဲ့ရပါတယ်။

ရခိုင် ပြည်နယ် ဘက်မှာလည်း နောက်နှစ်ရက်လောက်အထိ မိုးကောင်းနိုင်ပြီးတော့ ရခိုင်ရိုးမ က ရေတွေ စီးဝင်လာတဲ့ အတွက် မြန်မာပြည်အလယ်ပိုင်းမှာ ရှိတဲ့ ဆည်ကာတာ တစ်ချို့ ကျိုးပေါက် နိုင်တဲ့ အရေးကိုလည်း သတိထားဖို့လိုကြောင်း မိုးဇလက ပြောပါတယ်။

လေးမြို့မြစ်ရေဟာ စိုးရိမ်ရေမှတ် ၈၅၀ ရှိနေရာကနေ ၁၀၅၀ ထိ မြင့်တက်နေတယ်လို့ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

မြောက်ဦးမြို့နယ် ကန့်သရီရွာမှာ ရေဘေးကနေ ထွက်ပြေးရာက လှေမှောက်ပြီး အမျိုးသမီး တစ်ဦးဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဒါ့အပြင် တံတားတွေလည်း ရေစီးနဲ့ ပါသွားတာ ရှိသလို ကားလမ်းတာတွေ ကျိုးပျက်နေတဲ့ အတွက် ရန်ကုန်- စစ်တွေ ကားလမ်းလည်း ပိတ်နေကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ