မြန်မာ့ကျောက်မျက်ပြပွဲ အရောင်းကျ

ဓာတ်ပုံ မူပိုင် epa
Image caption ကျောက်စိမ်း ကို အဓိက ရောင်းချခဲ့ ရ

နေပြည်တော်မှာ ပြီးခဲတဲ့ ဇွန်လ ၂၄ ရက် ကနေ အခုလ ဇူလိုင် ၆ ရက် အထိ (၅၃) ကြိမ်မြောက် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာပြပွဲ ကျင်းပ ခဲ့ရာ ကျောက်စိမ်း အတွဲတွေ ကို အဓိက ရောင်း ချနိုင်ခဲ့ ပါတယ်။

ဒီပွဲမှာ ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်း စုစုပေါင်း ယူရို သန်း ၅၃၀ ကျော်ရာင်း ချခဲ့ ရတယ် လို့ သတ္ထုတွင်း ပြပွဲ ကျင်းပရေး ကော်မတီက ပြောပါတယ်။ ကျောက်စိမ်း ကို အဓိက ရောင်းချခဲ့ ရပြီး ပုလဲ နဲ့ ကျန်တဲ့ ကျောက်မျက် တွေက ယူရို ၃ သန်း ကျော်ဖိုးပဲ ရောင်းခဲ့ ရပါတယ်။

ဒါပေမယ့် ကျောက်မျက်ပွဲ ကို လာရောက်သူ နည်းသွား သလို ရောင်းချ ရတဲ့ ပမာဏ မှာလည်း မနှစ်က ထက် လျော့နည်း သွားကြောင်း သယံဇာတ နှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ညွန်ကြားရေးမှူး ချုပ် ဦးဝင်းထိန်က ပြောပါတယ်။

မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ မှုတွေ ကျောက်မျက် လုပ်ငန်းပေါ်မှာ ရုပ်သိမ်း တာကြောင့် အနောက် နိုင်ငံက ဝယ်သူတွေ အလာ များမယ်လို့ ထင်ထား ပေမယ့် လာရောက်မှု နည်း တယ်လို့ လည်း ဦးဝင်းထိန်က ပြောပါ တယ်။

မြန်မာ နိုင်ငံက တချို့ ကျောက်မျက် ကုမ္ပဏီ တွေဟာ တရုတ် နိုင်ငံ မှာ သွားရောက် ရောင်းချ တာတွေ ရှိနေပြီး အဲဒီမှာ ကျောက်မျက်တွေ သွားပုံ နေတာတွေ ရှိတယ်လို့ ကျောက်မျက်လုပ် ငန်းရှင် ဦးကျော်ကျော်ဦး ကပြောပါတယ်။

အခု ကျောက်မျက်ပွဲမှာတော့ အရည် အသွေး ကောင်းတဲ့ ကျောက်တွေလည်း သိပ် မရှိဘူးလို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ကျောက်စိမ်း ကျောက်မျက် ထုတ်လုပ်မှု တွေကို ၂၀၁၂ နဲ့ ၂၀၁၄ ခု နှစ် တွေမှာ ရပ်နားခဲ့ ပြီး၊ ၂၀၁၅ ကျမှ ပြန်လည် ထုတ်လုပ် တာ ဖြစ်သလို၊ ထုတ်လုပ်မှု လည်း အရင်နှစ်တွေ ထက် တစ်ဝက် လောက် ကျဆင်း သွားခဲ့ပြီး တရား မဝင် ခိုးထုတ် မှုတွေဟာ နယ်မြေ အခြေ အနေ အရ အရင်လောက် မရှိနိုင် ဘူးလို့ အစိုးရ ဘက်က ပြောပါတယ်။