ရခိုင် ရေဘေးသင့် ဒေသကို ကာချုပ် သွားမယ်

Image caption သမ္မတ ဦးထင်ကျော်လည်း ဒီအပတ် အတွင်း မှာ ရေဘေးသင့် ရခိုင်ဒေသသို့ လာရောက်မှာ ဖြစ်

ဇူလိုင်လ ၁၂ ရက်နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ရခိုင်က ရေဘေးဒဏ် ခံခဲ့ရတဲ့ သွားရောက်မှာပါ။

ရခိုင်ပြည်နယ်က မြောက်ဦးခရိုင်ဟာ များမကြာမီက ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ရေဘေးဒဏ်ကို အများ ဆုံး ထိခိုက်ခံစားခဲ့ရတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြောက်ဦးဒေသသို့ သွားရောက်ဖို့ စစ်တွေကို ရောက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခုလို လာရောက်မယ့် အကြောင်း ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

မြောက်ဦးခရိုင်အတွင်းက မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ် တို့ဟာ ဒီနှစ်မှာ ရေဘေးဒဏ်ကို အဓိက ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေ ဖြစ်တဲ့ အတွက် အဲဒီဒေသကို ဦးစားပေး သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်လည်း ဒီအပတ် အတွင်း မှာ ရေဘေးသင့် ရခိုင်ဒေသသို့ လာရောက်မှာ ဖြစ်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရေဘေး ဒဏ်ကို ခံခဲ့ရတဲ့ မြောက်ဦးဒေသမှာ နိုင်ငံတော်က ဦးစားပေး ဆောင်ရွက်နေတဲ့ အကြောင်း ဦးတင်မောင်ဆွေက ပြောပါတယ်။

ဇူလိုင်လ ပထမပတ်အတွင်း ရေနစ်ခဲ့တဲ့ အတွက် မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့မှာ လယ်မြေဧက ၅၀၀၀ နီးပါး ပျက်စီးခဲ့ရပြီး လူပေါင်း ၁၄၀၀၀ ကျော်ဟာလည်း ရေဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အခုအချိန်ထိ အကူအညီထောက်ပံ့ပေးမှုတွေ ရောက်သင့်သလောက် မရောက်ဘဲ ဖြစ်နေအတွက် ဒေသခံတွေ အကြား ဝေဖန်မှုတွေ မြင့်မားနေချိန်မှာ ကာချုပ်ရဲ့ ရခိုင် ခရီးစဉ် ထွက်ပေါ် လာတာလဲ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ