ငြိမ်းချမ်းရေးကော်မရှင် ဖွဲ့စည်း

Former Informinister U Aung Kyi
Image caption ဦးအောင်ကြည်ဟာ စစ်အစိုးရ လက်ထက်က ပြန်ကြားရေး ဝန်ကြီးဖြစ်ခဲ့

မြန်မာ နိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကချမှတ် ပေးတဲ့မူဝါဒ တွေကို အကောင် အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်မှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်ကို အကြံပေး အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အဲဒီ ကော်မရှင်မှာ ဒေါက်တာတင်မျိုးဝင်း၊ ဦးသိန်းဇော်နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့လည်း ပါဝင်ပါတယ်။

မြန်မာ နိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကို တရားဝင် ဖွဲ့စည်းကြောင်းကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့က သမ္မတ ဦးထင်ကျော် လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အဖွဲ့မှာ ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၁ ယောက် ပါဝင်ပါတယ်။

မြန်မာ နိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ကချမှတ် ပေးတဲ့မူဝါဒ တွေကို အကောင် အထည်ဖော်နိုင်စေဖို့ အခုလို ဖွဲ့စည်းတာ လို့လည်း သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ