ဘက်ဂျက် ပြန်ပြင်ဖို့ ဆောင်ရွက်

thein sein ဓာတ်ပုံ မူပိုင် AFP
Image caption ဦးသိန်းစိန် အစိုးရ ရေးဆွဲခဲ့တဲ့ ဘက်ဂျက်ပြန်ပြင်

၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ဇူလိုင်လ ၂၅ ရက်နေ့ ပြန်စမယ့် လွှတ်တော်မှာ ပြန် ပြင်ဖို့ စတင် နေပါပြီ။

ဒီဥပဒေအရ ဝန်ကြီးဌာန အားလုံး အပါအဝင် အစိုးရ တဖွဲ့လုံးရဲ့ တနှစ်စာ သုံးစွဲမယ့် ငွေကြေးပမာဏကို ခွင့်ပြုပေးထားတာပါ ။

ခွင့်ပြုပေးတဲ့ ငွေထဲမှာ ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ် ပါသလို စီမံကိန်းတွေမှာ သုံးစွဲမယ့် ငွေကြေးတွေလည်း ပါဝင်ပါတယ် ။

ဒီဥပဒေကို သမ္မတ ဦးသိန်းစိန် အစိုးရက ရေးဆွဲခဲ့တာ ဖြစ်ပြီး ဝန်ကြီးဌာန ၃၁ ခုစာ တွက်ချက်ပြီးအသုံးစရိတ် တွေကိုရေး ဆွဲခဲ့တာပါ ။

NLD အစိုးရ လက်ထက်မှာတော့ ဝန်ကြီးဌာန ၂၂ ခု သာ ထားရှိတဲ့အတွက် ဒီဥပဒေကို ပြန်လည် ပြင်ဆင်ရတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

အခုလိုပြန်လည်ရေးဆွဲတဲ့အခါ ဝန်ကြီးဌာန တွေရဲ့ အသုံးစရိတ်ပိုင်းမှာ အပြောင်းအလဲ သိပ်မရှိပေမယ့် အချို့ အရှုံးပေါ်နေတဲ့ စီမံကိန်းတွေ ရပ်လိုက် တာမျိုးတွေ ဖြစ်လာနိုင်ပါတယ် ။

ပြီးခဲ့တဲ့ အစိုးရ အနေနဲ့ ကျပ်ငွေ ၃ ထရီလျံနီးပါး လိုငွေပြ ဆွဲခဲ့ပြီး နိုင်ငံခြား ချေးငွေအချို့ ကိုလည်း ဝင်ငွေ အဖြစ် ထည့်သွင်း ရေးဆွဲ ထားတဲ့အတွက် စနစ်တကျ ပြန်လည် စိစစ် ဆောင်ရွက်တာ မလုပ်ရင် ငွေကြေး အခက်အခဲ တွေ ရှိလာနိုင်တယ် လို့ လေ့လာသူ အချို့က သုံးသပ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ