UNFC နဲ့ဒေါ်စုတွေ့မယ်

unfc ဓာတ်ပုံ မူပိုင် AFP
Image caption UNFC ခေါင်းဆောင်တွေနဲ့ ဒေါ်စုတို့ တွေ့ခဲ့ဖူး

ညီညွတ်သော တိုင်းရင်းသား လူမျိုး ဖက်ဒရယ် ကောင်စီ UNFC ခေါင်းဆောင်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ လာမယ့် ဇူလိုင်လ ၁၇ ရက် နေ့ ရန်ကုန်မှာ တွေ့ဖို့ ရှိပါတယ်။

ဒီလို တွေ့ဆုံရာမှာ ငြိမ်းချမ်းရေး ဖြစ်စဉ် ကိစ္စတွေနဲ့ အတူ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ UNFC အထွေထွေ အတွင်းရေးမှူး လည်း ဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဋ္ဌ လည်းဖြစ်တဲ့ ခူဦးရယ် က ပြောပါတယ်။

အလွတ်သဘော တွေ့ဆုံတာလို့လည်း ဆိုပါတယ်။

ပင်လုံညီလာခံကို တကြိမ်ထဲ ကျင်းပရုံနဲ့ မပြီးဘဲ ဆက်လက် ကျင်းပ သွားရမှာ ဖြစ်ပြီး အကြိမ်ကြိမ် ဆွေးနွေးလို့ ရတဲ့ သဘော တူညီချက်တွေကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးပြီးမှ အခြေခံ ဥပဒေ ပြင်တာလို ကိစ္စတွေ ဆက်လုပ်လို့ ရမယ် လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်၊ KNPP ဥက္ကဋ္ဌ အေဘယ်တွိ ၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP နာယက ဗိုလ်ချုပ် ဆေထင် စတဲ့ ခေါင်းဆောင် ၄ ယောက် က ဦးဆောင် သွားမှာ ဖြစ်ပြီး KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် အပါအဝင် တခြား အဖွဲ့ဝင်တွေ လည်း လိုက်ပါသွားမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ