၆၉ နှစ်မြောက် အာဇာနည်နေ့ ကျရောက်ပြီ

_myanmar_martyr_day_
Image caption လ်ချုပ် တို့ ကျဆုံး ခဲ့တဲ့ အတွင်းဝန် ရုံး မှာလည်း အလေးပြု အခမ်း အနား ပြု လုပ်ဖို့ ရှိ နေ။

ဒီ ကနေ့ ဇူလိုင်လ ၁၉ ရက်ဟာ ၆၉ နှစ် မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းနဲ့ အတူ အဲဒီ့ အချိန်က အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အများစု ပါဝင် တဲ့ အစည်းအဝေး မှာ သေနတ် သမားတွေ ဝင်ရောက် ပစ်ခတ် ခဲ့လို့ မြန်မာ နိုင်ငံ လွတ်လပ်ရေး အတွက် ပြင်ဆင် နေကြတဲ့ အာဇာနည် ၉ ဦး ကျဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

ကြယ်ပွင့် တွေ ကြွေလွင့်ဟန် ဗိသုကာ လက်ရာ ဒီဇိုင်း ပြုပြင် မွမ်းမံ ထားတဲ့ အာဇာနည် ဗိမ္မာန်မှာ အစဉ်အလာ အတိုင်း အခမ်းအနား ကျင်းပမှာ ဖြစ်သလို၊ ဗိုလ်ချုပ် တို့ ကျဆုံး ခဲ့တဲ့ အတွင်းဝန် ရုံး မှာလည်း အလေးပြု အခမ်း အနား ပြု လုပ်ဖို့ ရှိ နေပါတယ်။

ဒါ့အပြင် အတွင်းဝန် ရုံးမှာ ဗိုလ်ချုပ် အောင်ဆန်း တို့ တက်ခဲ့တဲ့ လွှတ်တော် နေရာ ကို အများ ပြည်သူ လေ့လာ နိုင် အောင် ဖွင့် ပေး ထားမယ်လို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ က ဘီဘီစီ ကို ပြောပါတယ်။

အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် ကျင်းပမယ့် အာဇာနည် ဗိမ္မာန် အခမ်းအနားကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တက် ရောက် ဖို့ ရှိ နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ