သတင်းထောက် ကိုနေလင်း ပြန်လွတ်

nay lin
Image caption ဘီဘီစီ သတင်းထောက် ကိုနေလင်း

ထောင်ဒဏ် ၃ လ ကနေ ၁ လခွဲ လျှော့ပေါ့ ပြစ်ဒဏ်နဲ့ ဘီဘီစီ သတင်းထောက် ကိုနေလင်း ဒီကနေ့ မန္တလေးထောင်ကနေ ပြန်လည် လွတ်မြောက်လာပါပြီ။

တာဝန် ထမ်းဆောင်နေတဲ့ ရဲ ကို နာကျင်အောင် ပြုလုပ် ခဲ့မှု ပုဒ်မ ၃၃၂ နဲ့ ဇွန်လဆန်းက ကိုနေလင်းကို ချမ်းမြသာစည် မြို့နယ် တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၅ မတ် လက မန္တလေး မှာ ကျောင်းသား လှုပ်ရှားမှု တခုကို ရဲ က တားဆီး ရင်း ပေါ်ပေါက် ခဲ့တဲ့ အခြေအနေ အရှုပ် အထွေးတွေ ကြားထဲ ရဲ တဦး မျက်ခုံးကွဲ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ