မုံရွာလမ်းချဲ့ဖို့ ဒေသခံတွေ အငြင်းပွား

monywa
Image caption အပင်တွေခုတ်ဖို့ ထောက်ခံတဲ့ ဆိုင်းဘုတ် စိုက်ထူ

မုံရွာကနေ သာစည်ကို သွားတဲ့ ခရိုင်ချင်းဆက်လမ်းကို တိုးချဲ့ဖို့ လမ်းမပေါ်မှာ ရှိတဲ့ အရိပ်ရ အပင်ကြီးတွေကိုခုတ်ဖို့ သက်ဆိုင်ရာက စီစဉ်နေပါပြီ ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေ ရှိပါတယ် ။

မုံရွာခရိုင်နဲ့ ရွှေဘိုခရိုင်ကို ဆက်သွယ်ထားတဲ့ မုံရွာ-သာစည်-နောင်ကြီးအိုင် ကားလမ်းကို လက်ရှိ ၁၂ ပေလမ်းက နေ ၁၆ ပေလမ်းထိ တိုးချဲ့ဖို့အတွက် တာဝန်ရှိသူတွေက စီစဉ်နေတာပါ ။

အခုခုတ်ပစ်ဖို့ စီစဉ်နေတဲ့ အပင်ကြီးတွေဟာ အင်္ဂလိပ်အစိုးရ လက်ထက်တည်းက ရှိခဲ့တဲ့ အရိပ်ရ တမာပင်နဲ့ ကုက္ကိုပင်တွေ ဖြစ်ပါတယ် ။

စုစုပေါင်း ခုတ်ပစ်ရမယ့် အပင် အရေအတွက် ၂၁၂ ပင်ရှိပါတယ် ။

အခုလို အရိပ်ရ အပင်ကြီးတွေ ခုတ်ပစ်မယ် ဆိုရင် ကားလမ်းဘေး တလျှောက် ရှိတဲ့ ဒေသခံတွေ ရာသီဥတု ဖောက်ပြန်တာကို ခံရနိုင်တယ်လို့ အပင်တွေ ခုတ်မပစ်ဖို့ ကန့်ကွက်နေတဲ့ စစ်ကိုင်းတိုင်း လူငယ်ကွန်ယက်ရဲ့ ဦးဆောင် ကော်မတီဝင် ကိုဇော်သူရိန်ထွန်း က ပြောပါတယ်။

ဒေသခံအချို့ ကောက်ထားတဲ့ စစ်တမ်းအရ ဒီလမ်းမကြီး ပေါ်ကနေ တနေ့ကို ၆ ဘီး အထက် ကား ၇ စီး နဲ့ခြောက်ဘီးကား အောက် ၁ဝ စီး တနေ့ ၁၅ စီးသာဖြတ်တယ် လို့ဆိုပါတယ်။

ဒါကြောင့် ဒီလမ်းတိုးချဲ့ဖို့နဲ့ ယာဉ်အန္တရာယ် ကင်းရှင်းဖို့ အတွက် တခြားနည်းလမ်းသုံး ဖြေရှင်းပြီး သုံးလို့ရတယ်လို့ ဒေသခံအချို့က ဆိုပါတယ် ။

ခုလို အရိပ်ရ အပင်ကြီးတွေကို ခုတ်သင့် မခုတ်သင့် ဒေသခံ အချင်းချင်း အငြင်းပွား နေချိန်မှာပဲ ခုတ်သင့်တယ် ဆိုတဲ့ဘက်က အပင်တွေကိုခုတ်ဖို့ ထောက်ခံတဲ့ ဆိုင်းဘုတ်ကို လမ်းမဘေးမှာ စိုက်ထူခဲ့ ပါတယ် ။

အပင် မခုတ်သင့် ဆိုတဲ့ ဘက်ကတော့ သူတို့ကောက်ထားတဲ့ စစ်တမ်းတွေကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဆီကို ပို့ဖို့ ပြင်နေပြီ ။

အစီအစဉ်အရ ဒီလမ်းမကြီး တိုးချဲ့ဖို့ ဩဂုတ်လဆန်းမှာ ဆောင်ရွက်ဖို့ စီစဉ်ထားပြီး ခုတ်သင့် မခုတ်သင့် ကိုတော့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ