မလေးရှား ထိန်းသိမ်းရေး စခန်းတွေ ထဲက မြန်မာ ၇ဝဝ ဝန်းကျင် ပြန်လာဖို့ ရှိ

_malaysia_myanmar_return_home
Image caption စခန်း ၁၁ ခုမှာ ခန့်မှန်းခြေ မြန်မာ ၂၆ဝဝ ပတ်ဝန်း ကျင် ရှိ နိုင်။

မလေးရှား နိုင်ငံမှာ လူဝင်မှု ဥပဒေ ချိုးဖောက်မှု နဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ မြန်မာ နိုင်ငံသား တွေကို စင်းလုံးငှား လေယာဉ် တွေ နဲ့ မြန်မာ နိုင်ငံကို ပြန်ပို့ ပေးမယ့် အစီအစဉ် တွေ ရှိနေပါတယ်။

အိမ်နဲ့ အဆက် အသွယ်ပြတ် နေပြီး ပြန်ဖို့ စားရိတ်လည်း မတတ် နိုင်သူတွေကို မြန်မာ ပရဟိတ အလှူရှင် တချို့က လေယာဉ် ပျံ လက်မှတ်ခ တွေ ပံ့ပိုး လေ့ ရှိတာ ကနေ အခုတော့ လေယာဉ် စင်းလုံး ငှား ပြီး ပြန် ပို့ လာတော့ မှာ ဖြစ်ပါတယ်။

လောလောဆယ် လေယာဉ် ၅ စင်း စာ အလှူ ရှင် ရှိ နေတဲ့ အတွက် လူ ၇ဝဝ ဝန်းကျင်ကို ပြန် ပို့ နိုင်မယ် လို့ မလေးရှား မြန်မာ သံရုံးက ဘီဘီစီ ကို ပြောပါတယ်။

မလေးရှား နိုင်ငံထဲက လူဝင်မှု ထိန်းသိမ်းရေး စခန်း တွေထဲ မြန်မာ နိုင်ငံသား ဘယ်လောက် ရှိ နေတယ် ဆိုတဲ့ အရေ အတွက် အတိတကျ ပြောဖို့ ခက်ပေမယ့် စခန်း ၁၁ ခုမှာ ခန့်မှန်းခြေ မြန်မာ ၂၆ဝဝ ပတ်ဝန်း ကျင် ရှိ နိုင်တယ်လို့ သံရုံး အရာရှိ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လ ကနေ ဇူလိုင် လ ၂၂ ရက် နေ့ အထိ မလေးရှား က မြန်မာ ပရဟိတ အဖွဲ့ တွေ အကူအညီ နဲ့ အယောက် ၂၇ဝ ကို မြန်မာ နိုင်ငံကို ပြန်လည် ပို့ဆောင် ပေးခဲ့တယ်လို့ လည်း အဲဒီ့ သံ အရာရှိ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ