မန္တလေးမှာ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ စတင်လာ

mandalay_peace_movement_
Image caption ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး နဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး စတဲ့ ကြွေးကြော်သံ တွေ ဟစ်ကြွေး။

မြန်မာ နိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အစိုးရက ကျင်းပဖို့ စိုင်းပြင်း နေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကို ထောက်ခံ ကြိုဆိုတဲ့ လှုပ်ရှား မှု တွေ မန္တလေးမှာ ပြုလုပ် လာကြ ပါတယ်။

ဇူလိုင် ၃၁ ရက် တနင်္ဂနွေ နေ့က မန္တလေး မြို့လယ်မှာ လမ်းလျှောက် ချီတက်ပွဲ တစ်ရပ် ပြုလုပ် ခဲ့ကြ တာမှာ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး နဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး စတဲ့ ကြွေးကြော်သံ တွေ ဟစ်ကြွေး ခဲ့ကြ ပါတယ်။

ဒါ့အပြင် လူစည်ကား တဲ့ နေရာမှာ ငြိမ်းချမ်းရေး နှိုးဆော်စာတွေ ဝေတာမျိုးလို လှုပ်ရှား မှု တွေ ရှိခဲ့သလို၊ မန္တလေး အခြေစိုက် ကာတွန်း ဆရာတွေ စုပေါင်းပြီး ပြပွဲ ပြုလုပ် ခဲ့ပါတယ်။

အဲဒီ့ ကာတွန်းပြပွဲကို လာခဲ့တဲ့ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ငြိမ်းချမ်းရေး အလားအလာ နဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့ အားလုံး အပစ်ရပ် သဘောတူ လက်မှတ် ရေး ထိုး လာဖို့ အရေးကြီးတယ် လို့ ဘီဘီစီကို ပြောပါတယ်။

သူ့ဘက် ကိုယ့်ဘက် ကိုယ်စီ ကြောင့်ကျ စိုးရိမ်နေတဲ့ အချက်တွေ ကို ဆွေးနွေး ညှိနှိုင်း အဖြေ ရှာကြ ရမှာ ဖြစ်ပြီး၊ ငြိမ်းချမ်းရေး ကို တဖြည်းဖြည်း တည်ဆောက် ယူရမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဆိုပါတယ်။

မန္တလေး မှာ စတင် လာတဲ့ ငြိမ်းချမ်းရေး လှုပ်ရှား မှု တွေဟာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ လယ်သမား အလုပ်သမား အခွင့်အရေး အတွက် ဆောင်ရွက် ကြသူ တွေ အဓိက လုပ်ဆောင် နေကြတာ ဖြစ်ပြီး၊ အများ ပြည်သူ တွေ ပူးပေါင်း ပါဝင်မှုတော့ နည်း နေသေးတယ်လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ