ရှမ်းပြည်မြောက်ပိုင်း မြို့နယ်တွေထဲ တိုက်ပွဲတွေ ရှိနေ

_shan_tnla_fighting_
Image caption ၁ ရာစု ပင်လုံ ညီလာခံ အကြို ဆွေးနွေး တွေ့ဆုံမှုတွေ ပြုလုပ် နေချိန်မှာပဲ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ရှိနေ။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ ကွတ်ခိုင်နဲ့ တာမိုးညဲ ဒေသတွေမှာ ဇူလိုင်လ ကုန်ပိုင်းက တအောင်းပလောင် အဖွဲ့ TNLA နဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

TNLA ဘက်က အကျအဆုံး မရှိဘူး ပြောပေမယ့် အစိုးရ တပ်ဘက်ကတော့ သတင်း တစုံတရာ မထုတ်ပြန် ပါဘူး။

TNLA လှုပ်ရှား နေတဲ့ ဒေသတွေကိုအစိုး စစ်ကြောင်း က ဝင်ရောက်ပြီး လိုက်လံ တိုက်ခိုက် နေတာ ဖြစ်တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှုး မိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ၂၁ ရာစု ပင်လုံ ညီလာခံ အကြို ဆွေးနွေး တွေ့ဆုံမှုတွေ ပြုလုပ် နေချိန်မှာပဲ ရှမ်းပြည် မြောက်ပိုင်းမှာ အခုလို တိုက်ပွဲတွေ ဆက်လက် ရှိနေတာ ဖြစ်ပါတယ်။

TNLA အပါအဝင်၊ ကိုးကန့်တပ် MNDAA နဲ့ ရခိုင် လက်နက်ကိုင် AA အဖွဲ့တွေကို တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ အစိုးရ စစ်တပ်က ပါဝင်ခွင့် မပြုပဲ လက်တက်ချ ရမယ် ဆိုပြီး တောင်းဆို ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင် ပြည်နယ် မိုင်ဂျာယန် မှာ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုံညီ ညီလာခံမှာ လည်း အဲဒီ့ ၃ ဖွဲ့ထဲက ရခိုင် AA တစ်ဖွဲ့ပဲ တက်ရောက် ခဲ့ပါတယ်။

TNLA အဖွဲ့ သွားတက်ရင် မိုင်ဂျာယန် ညီလာခံ အတွင်း ကြန့်ကြာ မှုတွေ ဖြစ်ပေါ် မှာကို စိုးရိမ်လို့က တစ်ကြောင်း၊ မိုင်ဂျာယန် ညီလာခံမှာ TNLA နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA လည်း ရှိနေတာ ကြောင့် နှစ်ဖွဲ့ကြား ပြဿနာ ရှေ့တန်း ရောက်လာမှာကို မလိုလားတာက တစ်ကြောင်း မိုင်ဂျာယန် မှာ မပါဝင်ခဲ့တာ ဖြစ်တယ် ဆိုပြီး ဗိုလ်မှုး မိုင်အိုက်ကျော်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ