မကွေးတိုင်းက မြို့နယ်တွေထဲ ဧရာဝတီ မြစ်ရေဝင်လို့ လူသောင်းချီ ရွှေ့ပြောင်းရ

magway_floods
Image caption အခု အခြေအနေ ကနေ ၂ ပေလာက် အထိ ထပ်တက် နေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီး ဌာန က သတိပေး ထားပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသဖြစ်တဲ့ မကွေးတိုင်းထဲမှာ ဧရာဝတီ မြစ်ရေ ဆက်တိုးနေပြီး ပခုက္ကူ၊ ရေစကြိုနဲ့ ဆိပ်ဖြူ မြို့နယ် တွေထဲမှာ လူဦးရေ ၅ သောင်း ကျော်နဲ့ တိရိစ္ဆာန် ကောင်ရေ ၂ သောင်း ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း ခဲ့ရတယ်လို့ အစိုးရက သတင်း ထုတ်ပြန် ပါတယ်။

သရက်ခရိုင်၊ မင်းလှ မြို့နယ်ထဲမှာ ဆိုရင်လည်း မြစ်ကမ်းဘေး ကျေးရွာတွေထဲ ရေဝင် နေပြီး၊ လူ နေထိုင်လို့ မရ နိုင်တော့တဲ့ အိမ်ခြေပေါင်း ၂ဝ၀ ကျော်က အိမ်ထောင်စုတွေ ဟာ ရေလွတ်ရာ ဆွေမျိုးတွေ အိမ်၊ ဘုန်းကြီးကျောင်း၊ တာလမ်းဘေး နဲ့ ယာတဲ တွေထဲ အဆင်ပြေ သလို ပြောင်းရွှေ့ နေနေရတယ် ဆိုပြီး အဲဒီ့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဧရာဝတီ၊ ချင်းတွင်းနဲ့ ငဝန် မြစ်တွေမှာ စိုးရိမ် ရေမှတ် ကျော်နေဆဲ ဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးတွေမှာ ရေဘေး ဒုက္ခ ရင်ဆိုင် နေရသူ တစ်သိန်း ကျော် ရှိလာ နေပြီ ဖြစ်ပါတယ်။

အခုလို ရေဘေးနဲ့ ကြုံတွေ့ နေရချိန်မှာ ဒုက္ခသည်တွေကို သောက်ရေသန့်၊ သန့်ရှင်းတဲ့ အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ အိမ်သာ အပါအဝင် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် လိုအပ်တဲ့ အရာတွေ လုံလောက် အောင် ပံ့ပိုး ရမယ် လို့ ပြည်သူကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးဌာနက ဒု တိယညွန်ကြား ရေးမှူးချုပ် ဦးသန်းဝင်း က ဘီဘီစီ ကို ပြောပါတယ်။

မကွေးတိုင်းထဲက ချောက်၊ မင်းဘူး၊ မကွေး နဲ့ အောင်လံ မြို့နယ် တွေမှာ အခု အခြေအနေ ကနေ ၂ ပေလာက် အထိ ထပ်တက် နေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီး ဌာန က သတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ