နာဂမှာ ရောဂါဆန်း တခုကြောင့် လူ ၃၀ ကျော်သေဆုံး

ဓာတ်ပုံ မူပိုင် Getty
Image caption ကူးစက် ရောဂါ တမျိုး ဖြစ်နိုင် တယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ပြော

စစ်ကိုင်းတိုင်း နာဂ ဒေသ ဘက်မှာ အမျိုးအမည် မသိရတဲ့ ရောဂါဆန်း တခု ဖြစ်ပွား နေပြီး အခုဆိုရင် ၂ လ အတွင်း လူ ၃၀ ကျော် လောက် သေဆုံးခဲ့တဲ့ အထိ ဖြစ်နေ ပါတယ်။

လဟလ် နဲ့ နန်ယွန်း ဘက်မှာ ဖြစ်ပွားနေတာ ဖြစ်ပြီး၊ ရောဂါ လက္ခဏာတွေ ကတော့ ကိုယ်အပူချိန်တက် လည်ချောင်း နာပြီး အနာလို အဖုအပိန့်တွေ ထွက်ကာ နောက်ဆုံး သွေးအန် မူးမေ့ သေဆုံးတဲ့ အထိ ဖြစ်ကြ တာပါ။

ဒါဟာ ကူးစက် ရောဂါ တမျိုး ဖြစ်နိုင်တယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ဘီဘီစီကို ပြောပါတယ်။

အခုတော့ ကျွမ်းကျင် ဆရာဝန်တွေ ပါတဲ့ အဖွဲ့တွေကို အဲဒီ ဒေသဘက် စေလွှတ် လိုက်ပြီ ဖြစ်ပြီး၊ ဘာရောဂါ ဆိုတာ သိရအောင် ဓာတ်ခွဲ စမ်းသပ်မှုတွေလည်း လုပ်မယ်လို့ ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

ပြည်ထောင်စု အစိုးရကို တင်ပြထားပြီ ဖြစ်သလို အစိုးရက လိုအပ်တဲ့ အကူအညီ ပေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုအချိန် အထိတော့ ဘာရောဂါ ဖြစ်တယ်လို့ မသတ်မှတ် နိုင်သေးကြောင်း ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ