ရခိုင်ရေလုပ်ငန်းအကြောင်း ဆွေးနွေးမယ်

burma fish
Image caption ရေလုပ်ငန်းထွက်ကုန် တွေကို ပြည်တွင်းပြည်ပ စားသုံး

ရခိုင်ပင်လယ်ပြင်မှာ စည်းမဲ့ကမ်းမဲ့ ငါးဖမ်းနေကြတဲ့ အတွက် သားငါးပုဇွန်တွေ တဖြည်းဖြည်းနဲ့ ရှားပါးလာပြီး နောက်လာမယ့် ၅ နှစ်အတွင်းမှာ မျိုးပြုန်းသွားနိုင်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် တယောက် အဆိုတင်တာကြောင့် ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒီကိစ္စ ဆွေးနွေးမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်မှာ စစ်တွေမြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက အဆိုတင်သွင်း ခဲ့ပြီး ဒီအဆိုကို ရခိုင်ပြည် လွှတ်တော်က လက်ခံပြီး သောကြာနေ့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ရခိုင် ပင်လယ်ပြင်မှာ သာမက မြန်မာနိုင်ငံက တခြား ကမ်းရိုးတန်းဒေသ တွေမှာလည်း ငါးပုဇွန်စတဲ့ ရေနေ သတ္တဝါတွေဟာ တဖြည်းဖြည်း ရှားပါးလာနေတယ် လို့ ရေချိုရေငံ ညှိနှိုင်းရေးမှူး ဦးမြသိန်းထွန်းက ပြောပါတယ်။

အဓိက ငါးသား ဥပေါက်ချိန်ဖြစ်တဲ့ မေ ဇွန် ဇူလိုင်လတွေမှာ ငါးမဖမ်းရဘူးလို့ သတ်မှတ်ထားပေမယ့် ဘယ်သူမှ လိုက်နာမှု မရှိဘူးလို့ သူက ဆိုပါတယ်။ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေကို ရေတပ် အကူအညီနဲ့ ကွပ်ကဲ ရမယ်လို့လည်း ဆိုပါတယ်။

ရခိုင်အပါအဝင် မြန်မာ ပင်လယ်ပြင်မှာ ရှိနေတဲ့ ငါးတန်ချိန် ငါးသိန်းသာ ကျန် ပြီး ခုလိုသာ စည်းမဲ့ကမ်းမဲ့သာ ဖမ်းနေကြရင်တော့ များမကြာမီမှာ အကုန်လုံး မျိုးပြုန်းသွားနိုင်တဲ့ အတွက် ငါးဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အသေအချာ ထိန်းသိမ်း ကြပ်မတ်ဖို့ လိုအပ်နေတယ်လို့ သိရှိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ