နိုင်ငံတဝန်း ရေကြီးမှုတွေကြောင့် လူ၂သိန်းကျော် ရေဘေးဒုက္ခခံနေရ

ဓာတ်ပုံ မူပိုင် U Thuta
Image caption ရေကြီးတဲ့ ဒေသတွေကို ရောက်လာတာ နောက်ကျတဲ့ အတွက် သမ္မတ ဦးထင်ကျော် တောင်းပန်

နိုင်ငံတဝန်း ရေကြီးမှုတွေ ဖြစ်ခဲ့တာ တစ်လနီးပါးလောက် ကြာပြီးနောက် သမ္မတ ဦးထင်ကျော် ဟာ ရေဘေးဒဏ်သင့်နေရာတွေကို ပထမဆုံးအနေနဲ့ သွားရောက်ခဲ့ပါတယ်။

သမ္မတဟာ မကွေးတိုင်းထဲက မင်းဘူး၊ ပွင့်ဖြူ၊ ပခုက္ကူ မြို့တွေကို သွားရောက်ပြီး ရေဘေးသင့် ရွာသားတွေကို သူလာရောက်တာ နောက်ကျတဲ့ အတွက် တောင်းပန်စကားပြောခဲ့တယ်လို့ မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းဝင်းက ပြောပါတယ်။

လောလောဆယ်မှာ ရေဘေးသင့် အရေးပေါ်နေရာတွေအဖြစ် သတ်မှတ်ထားတဲ့ ဧရာဝတီတိုင်းထဲက မြန်အောင်၊ ကြံခင်း၊ ဟင်္သာတ၊ အင်္ဂပူ၊ ငါးသိုင်းချောင်း၊ မအူပင်၊ ညောင်တုန်း စတဲ့ မြို့(၁၀)မြို့တွေမှာစာရင်းတွေအရ ရေဘေးဒုက္ခသည် (၂)သောင်း (၄)ထောင်ကျော် ရှိနေပြီး အရေအတွက်က ဒီထပ်ပိုတိုးလာမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြော ပါတယ်။

ကျေးရွာတွေမှာတော့ ရေတွေဝင်နေပြီး တချို့မှာတော့ ရွာလုံးကျွတ်ရေနစ်မြုပ်လို့ ကုန်းအမြင့်ပိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ ရထားဘူတာရုံတွေကို ပြောင်းရွှေ့နေရကြောင်း ညောင်တုန်းမြို့နယ် ထိပ်၀ကြီး ကျေးရွာက ရေဘေးသင့် ရွာသားတွေ ပြောတာက ပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ကတော့ ရေဘေးသင့်သူတွေအတွက် ကူညီကယ်ဆယ်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးအတွက် သဘာ၀ဘေးကယ်ဆယ်ရေး ရန်ပုံငွေ (၁၇)ဘီလျံ ကျပ်ငွေ ရှိပြီး လောလောဆယ်မှာရေဘေးသင့်သူတွေအတွက် ထောက်ပံ့ကူညီရေး သိန်းပေါင်း (၂၅၀၀)ကျော် သုံးစွဲထားတယ်လို့ ဒေါက်တာ ကိုကိုနိုင်က ဆက်ပြောပါတယ်။

ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ