ကျေးလက် ကျန်းမာရေး မူဝါဒကောင်း ရှိဖို့လို

_naga_ ဓာတ်ပုံ မူပိုင် Getty
Image caption ကာကွယ်ဆေး စံနစ်တကျ ထိုးပေး ခဲ့ခြင်း မရှိတာ ကြောင့် လူ အသေ အပျောက် များရတဲ့ အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရ။

နာဂ ကိုယ်ပိုင် အုပ်ချုပ် ရေး ဒေသမှာ အနည်းဆုံး လူ ၄၁ ယောက် သေဆုံး ခဲ့ရ လောက် အောင် ဝက်သက် ရောဂါ ကူးစက် ဖြစ်ပေါ်မှုကို အခုအခါ မှာ ထိန်းချုပ် နိုင်ပြီ လို့ ဆိုပေမယ့်၊ ဝေးလံ ခေါင်သီ တဲ့ အရပ် တွေ မှာ အခုလိုမျိုး ကူးစက် ရောဂါ အန္တရာယ် ကျရောက် ပြီဆိုရင် အချိန်မီ ကိုင်တွယ် နိုင်ဖို့ အစိုးရမှာ ကောင်းမွန်တဲ့ ကျေးလက် ကျန်းမာရေး မူဝါဒ ရှိဖို့ လိုအပ် တယ် ဆိုပြီး နာဂ အမျိုးသား ရေးရာ ကောင်စီ က ပြောပါတယ်။

မူဝါဒ ကောင်း ရှိဖို့ လိုအပ် သလို၊ အဲဒီ့ မူဝါဒကို လက်တွေ့ အကောင်အထည်ဖော် နိုင်တဲ့ စံနစ် ယန္တရား တွေ လည်း ရှိဖို့ လိုတယ် ဆိုပြီး နာဂ အမျိုးသား ရေးရာ ကောင်စီ ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးနော်အောင်စံ က ဘီဘီစီ ကို ပြောပါတယ်။

နာဂ ဒေသမှာ လမ်းပမ်း ဆက်သွယ်ရေး မကောင်း သလို၊ ဒေသခံ တွေ ရဲ့ ကျန်းမာရေး ဗဟုသုတ နဲ့ ပညာရေး အားနည်း မှု တွေ ရှိနေတာ မျိုးလို ဘက်ပေါင်းစုံ အားနည်း ချက် တွေ ရှိ နေတယ်လို့ ဦးနော်အောင်စံ က ဆိုပါတယ်။

ကာကွယ်ဆေး စံနစ်တကျ ထိုးပေး ခဲ့ခြင်း မရှိတာ ကြောင့် အခုလောက် လူ အသေ အပျောက် များရတဲ့ အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရတာ လို့လည်း ဦးနော်အောင်စံ က သုံးသပ် ပါတယ်။

နာဂ ဒေသရဲ့ လဟယ်နဲ့ နန်းယွမ်း မြို့နယ် တွေ ထဲက ကျေးရွာ တွေ မှာ ပြီးခဲ့တဲ့ ဇွန် လ က စလို့ ကူးစက် ရောဂါ ဆန်း တစ်ခု ဖြစ်ပွား နေတယ် ဆိုတဲ့ သတင်းကို လူ အများကြား ကျယ်ကျယ် ပြန့်ပြန့် သိခဲ့ ရချိန်မှာတော့ လူ အယောက် ၄၀ နီးပါး အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်ပါတယ်။

နောက်ပိုင်း ဆရာဝန် ၈ ဦး ပါတဲ့အရေးပေါ် ကျန်းမာရေး အဖွဲ့ က ရောဂါ ဖြစ်ရာ ဒေသတွေ မှာ လှည့်လည်ပြီး လူနာ တွေကို ကုသရင်း၊ ကူးစက် မှု ကို ထိန်းချုပ် ပေး ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ