နိုင်ငံရေး မူဘောင် သုံးသပ်ပွဲတွေ စတင်မယ်

_dassk_unfc_meeting_
Image caption NCA ထဲ မပါဝင်သေးတဲ့ အဖွဲ့တွေလည်း မူဘောင် သုံးသပ်ရေး အစည်းအဝေးတွေ လာတက်မယ်။

၂၁ ရာစု ပင်လုံ ညီလာခံ မှာ ဆွေးနွေး ကြမယ့် နိုင်ငံရေး မူဘောင် ကို သုံးသပ် ကြမယ့် အစည်း အဝေးတွေ ဒီကနေ့ ဩဂုတ်လ ၁၁ ရက် ကြာသပတေးနေ့ မှာ စတင် လာဖို့ ရှိနေပါတယ်။

ဒီနေ့ အစည်းအဝေး မှာတော့ ပင်လုံ အကြိုပြင်ဆင်ရေး ကော်မီတီ နဲ့ နိုင်ငံရေး ပါတီတွေ တွေ့ဆုံ ကြမှာ ဖြစ်ပြီး၊ နောက် ရက်တွေ မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင် လာဖို့ ရှိပါတယ်။

နိုင်ငံရေး ဆွေးနွေး ပွဲတွေ မှာ အပိတ်အဆို့ တွေ တွေ့ကြုံ လာရရင် ရှေ့ဆက် တက် လို့ ရနိုင် အောင် ဘယ်လို လုပ်ကြ မလဲ ဆိုတဲ့ အပေါ် အာရုံစိုက် ပြီး တွေ့ဆုံ နေကြတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး ဒေါက်တာ မင်းဇော်ဦးက ဘီဘီစီ ကို ပြောပါတယ်။

နိုင်ငံရေး မူဘောင် သုံးသပ်ရေး ဆွေးနွေး ပွဲတွေ ကို တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့တွေ ရော၊ မထိုး ထား သေးတဲ့ အဖွဲ့တွေ ပါ လာ ရောက် တက်ကြဖို့ တိုင်းရင်းသား လက်နက်ကိုင် တွေ အချင်းချင်းကြား လတ်တလော တွေ့ဆုံ ခဲ့ကြတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင် အစည်း အဝေး ကနေ လည်း ဆုံးဖြတ် ထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ