ရေကြီးတဲ့ နေရာတိုင်းကို ရောက်အောင်သွားမယ်လို့ အစိုးရ ပြော

social_welfare_ministry_flood_relieve
Image caption ပျက်စီး သွားတဲ့ လယ်မြေ တွေ ပြန်လည် ထူထောင်ရေး အတွက် ကူညီ သွားမယ်။

မြန်မာနိုင်ငံ အနှံ့ ကြုံတွေ့နေရတဲ့ ရေဘေး အတွက် ထောက်ပံ့ ကူညီရေး တွေ လုပ်ဆောင်ရာ မှာ ချက်ခြင်း မရောက် နိုင်ရင်တောင် နေရာ တိုင်းကို သွားနိုင်ဖို့ လုပ်ဆောင် နေတယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာ ပြန်လည် ချထားရေး ဝန်ကြီးဌာန က ပြောပါတယ်။

ရေဘေးကြောင့် ဒုက္ခရောက် သူတွေကို ကျပ်ငွေ သိန်းပေါင်း ကျော် သုံးစွဲပြီး ထောက်ပံ့ နေသလို၊ ပျက်စီး သွားတဲ့ လယ်မြေ တွေ အတွက် ပြန်လည် ထူထောင်ရေး အတွက်ပါ ကူညီ သွားမယ်လို့ လူကယ်ပြန် ဝန်ကြီး ဌာနက ညွှန်ကြားရေးမှုး ဒေါ်ဖြူလဲ့လဲ့ထွန်း က ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ထဲက သာပေါင်း၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ အသုတ်၊ ငသိုင်းချောင်း မြို့နယ် တွေမှာ မြို့ချင်းဆက် အဝေးပြေး လမ်းမကြီးတွေ ပေါ် တချို့ နေရာတွေ ဆို ရေ ၄ ပေ ကျော်အောင် ရေဖုံး နေလို့ ကူညီရေး ပစ္စည်းတွေ အရောက်ပို့ နိုင်ဖို့ ခက်ခဲ နေတယ် ဆိုပြီး ဒုက္ခသည် ကူညီရေး လှုပ်ရှား နေသူတွေက ဆိုပါတယ်။

လတ်တလော ဖြစ်ပေါ် ခဲ့တဲ့ တနိုင်ငံလုံး အနှံ့ ရေကြီး မှုတွေကြောင့် လူ ၄ သိန်းလောက် အိုးအိမ်တွေ စွန့်ခွာ ရွှေ့ပြောင်း ခဲ့ရပြီး၊ လူ ၈ ဦး အထိ သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ