ယီမင်က ဆေးရုံ လေကြောင်း တိုက်ခိုက်ခံရ

_yemen_msf_hospital
Image caption အက်ဘ်စ် မြို့မှာ လေကြောင်း တိုက်ခိုက် ခံနေရတာ ရက် အတန် ကြာနေပြီ။

ယီမင် နိုင်ငံ မြောက်ပိုင်းမှာ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က ပြုလုပ် ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တွေဟာ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ဖွင့်ထားတဲ့ ဆေးရုံကို ထိမှန် ခဲ့တယ် ဆိုပြီး MSF က ထုတ်ပြန် ပါတယ်။

အက်ဘ်စ် ဆိုတဲ့ မြို့ မှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပြီး၊ အနည်းဆုံး လူ ၁၁ ယောက် သေဆုံး ကာ ၁၉ ယောက် ဒဏ်ရာ ရရှိ ခဲ့တယ် လို့ MSF အဖွဲ့ က ဆိုပါတယ်။

သူပုန် တွေ ထိန်းချုပ် ထားခဲ့တဲ့ အဲဒီ့ မြို့က နေရာတွေ ကို လေကြောင်း ကနေ တိုက်ခိုက် နေတာ ရက် အတန်ကြာ ပြီ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဆေးရုံကို ထိမှန် ခဲ့တယ် ဆိုတဲ့ သတင်း အပေါ် ဆော်ဒီ ဘက်က တစုံတရာ တုံ့ပြန် တာမျိုး မပြုလုပ် သေးပါဘူး။

ယီမင် မြောက်ပိုင်းကို ထိန်းချုပ် ထားတဲ့ ရှီအာ မွတ်ဆလင်မ် ဟူသီ သူပုန် တွေကို တိုက်ခိုက် နေတဲ့ ယီမင် အစိုးရ တပ်တွေ ကို ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်တွေက ကျောထောက် နောက်ခံ ပြုပေး နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ