အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတ တွေ့ဆုံ

_dassk_china_president_meeting
Image caption တရုတ်-မြန်မာ ဆက်ဆံရေးကို နည်းမှန် လမ်းမှန်တဲ့ ဖွံ့ဖြိုး နိုင်ဖို့ တရုတ် အစိုးရဘက်က လိုလား။

တရုတ် နိုင်ငံ ဘေဂျင်း မြို့တော်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ တွေ့ဆုံ ခဲ့ကြပြီ ဖြစ်ပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးကို နည်းမှန် လမ်းမှန်တဲ့ ဖွံ့ဖြိုး နိုင်ဖို့ တရုတ် အစိုးရဘက်က လိုလားတယ် ဆိုပြီး သမ္မတ ရှီကျင်းပင်က ပြောခဲ့တယ် လို့ အဲဒီ့က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ဒါပေမယ့် မြစ်ဆုံ ရေကာတာ နဲ့ ပတ်သက်လို့တော့ သတင်းထောက် တွေ ရှေ့ တစုံတရာ ပြောကြား တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်ခြား ဒေသ တည်ငြိမ် ဖို့ အရေး မြန်မာ ဘက်က အစွမ်းကုန် ကြိုးစား သွားမှာ ဖြစ်ပြီး၊ ဘယ်လို အကြောင်းနဲ့မှ ဆက်ဆံရေး အထိခိုက် ခံမှာ မဟုတ်ဘူးလို့ ဒေါ် အောင်ဆန်းစုကြည် က ပြောတယ် လို့လည်း တရုတ် အစိုးရပိုင် ရုပ်မြင်သံကြား က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလက်တွေ့ အရ ဦးဆောင်မှု ပေးနေတဲ့ မြန်မာ အစိုးရနဲ့ ကြား မဟာဗျူဟာမြောက် ဆက်ဆံရေး တိုးတက်ဖို့ တရုတ် နိုင်ငံဘက်က လိုလား နေတယ် ဆိုပြီး လေ့လာသူတွေက ဆိုပါတယ်။

ဒါပေမယ့် မြစ်ဆုံ ရေကာတာ စီမံကိန်း အပါအဝင် မြန်မာ နိုင်ငံထဲက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံ မှု တွေ နဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တွေ ရဲ့ ကန့်ကွက်မှုတွေလည်း ပြင်းပြင်းထန်ထန် ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ