အပစ်ရပ် ၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့

JIMC
Image caption အပစ်ရပ် ၈ ဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ဥက္ကဌတွေ သြဂုတ်လ ၂၄ ရက်နေ့က နေ ပြည် တော်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

နေပြည်တော်ကို ရောက်ရှိနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့လို့ ခေါ်တဲ့ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ နဲ့ အခုတွေ့ဆုံမှုဟာ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရဲ့ တောင်းဆိုမှုကို ဒေါ်အောင် ဆန်းစုကြည်က တတ်နိုင်သမျှ လိုက်လျောပေးခဲ့တယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

ဒါ့အပြင် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ဆက်လက်ရပ်တည်နိုင်ရေး ဆက်ဆံရေးရုံးတွေ ဆက်လက်ဖွင့်လှစ်နိုင်ရေးတို့ အတွက် ရန်ပုံငွေရရှိဖို့ ပြည်တွင်းပြည်ပက အကူညီပေးဖို့ကိုလည်း အစိုးရဖက်က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

နေ့လည်ပိုင်း မှာတော့ JICM လို့ခေါ်တဲ့ လက်မှတ်ထိုးအဖွဲ့တွေ ကျင်းပတဲ့ အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်မှု အစည်းအဝေးကို ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာလဲ ၂၁ ရာစုပင်လုံညီလာ အတွက် အရေးကြီးတဲ့ သဘောတူညီချက် တချို့ ရခဲ့တယ်လို့ ပအို့ အမျိုးသားများ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းကဘီဘီစီကို ပြောပါတယ်။

၂၁ ရာစုပင်လုံ ညီလာခံ အတွက် အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့က သဘာပတိတဦးစီ ရွေးချယ်ထားရှိ ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ရခိုင်တပ်မတော်၊ တအာင်း၊ ကိုးကန့်အဖွဲ့တို့ တက်ရောက်ရေးကတော့ မသေချာတော့ဘူးလို့ ဒီကနေ့ အစည်းအဝေး တက်ရောက် ခဲ့သူတချို့က ပြောပါတယ်။