ဂျပန်က မြန်မာကို အတိုးနှုန်း သက်သက်သာသာနဲ့ နောက်ထပ် ချေးငွေတွေ ပေးဖို့ ရှိနေ

_japan_myanmar_loan
Image caption ဝန်ကြီးချုပ် အာဘေးရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် တွေ့ဆုံခဲ့။

မြန်မာ နိုင်ငံကို ဂျပန် နိုင်ငံ က အတိုး နှုန်း သက်သက်သာသာနဲ့ ယန်းငွေ ဘီလီယံ ၁ဝဝ၊ ဒေါ်လာ နဲ့ ဆိုရင် ၉၉၄ သန်း ပမာဏ ထပ်မံ ထုတ်ချေးဖို့ စီစဉ် နေပါတယ်။

ရန်ကုန်-မန္တလေး ရထားလမ်း ပြုပြင် ရေးနဲ့ ရေဖြန့်ဖြူးရေး တွေလို အခြေခံ အဆောက်အဦ စီမံကိန်း ၅ ခုမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာလ အတွင်း လာအို နိုင်ငံ မြို့တော် ဗီယက်ကျင်းမှာ ပြုလုပ်ဖို့ ရှိနေတဲ့ အရှေ့ အာရှ ထိပ်သီး ဆွေးနွေးပွဲ ကျရင် အဲဒီ့ ချေးငွေ အစီအစဉ် ကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ထုတ်ပြန် ကြေညာ လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဝန်ကြီးချုပ် အာဘေးရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတို အိဇုမိ လည်း မြန်မာ နိုင်ငံ မှာ ရောက်ရှိ နေပြီး မနေ့ ဩဂုတ်လ ၂၅ ရက် နေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့ရမှာ ရန်ကုန် မြို့ပြ မဟာ စီမံကိန်း နဲ့ သီလဝါ စီးပွားရေးဇုန် အပါအဝင် ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်း တွေ အကြောင်း ဆွေးနွေး ခဲ့ကြတယ် လို့ မြန်မာ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ