၂၁ ရာစု ပင်လုံ ညီလာခံ ပြီးဆုံး

myanmar ဓာတ်ပုံ မူပိုင် AFP
Image caption နောက် ၆ လ မှာ ညီလာခံ ပြန်ကျင်းပမယ်

နေပြည်တော်မှာ လေးရက်တာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပြီးဆုံးသွားပါပြီ။

သမိုင်းမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အများဆုံး အစိုးရ၊ တပ်မတော်တို့နဲ့ လာရောက်တွေ့ဆုံပြီး သဘောထားတွေ တင်ပြခဲ့တဲ့ ညီလာခံ ဖြစ်ပါတယ်။

ဖြစ်ခဲ့တဲ့ ကိစ္စတွေ ပြန်လှည့်ကြည့်ပြီး အာယာတနဲ့ သံသယတွေ ပွားနေမယ့်အစား ဘယ်လို ကောင်းမွန်တဲ့ အမွေအနှစ်ကို ချန်ခဲ့မလဲ စဉ်းစားကြပါစို့လို့ အစည်းအဝေး နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

သတ္တိရှိရှိနဲ့ ပြဿနာ ဖြေရှင်းမယ်၊ တဦးအမြင် တဦးက လေးစားပြီး ဘာကြောင့် မတိုက်ဆိုင်တဲ့ သဘောထားတွေ ရှိနေလဲ စဉ်းစားမယ်ဆိုရင် အားလုံးညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရောက်နိုင်မယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပနိုင်ခဲ့တဲ့ အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာနိုင်တဲ့ ခြေလှမ်း အဖြစ် TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်က ကြိုဆိုခဲ့ပါတယ်။

ညီလာခံ မတက်ရောက်ခဲ့တဲ့ TNLA အနေနဲ့ NLD အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့လည်း ကြေညာခဲ့ပါတယ်။

ညီလာခံကနေ စောပြီး ထွက်ခွာခဲ့တဲ့ UWSA ဝ ပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီကလည်း သူတို့အနေနဲ့ ဒီလိုထွက်သွားတာဟာ ညီလာခံကို ကန့်ကွက်တာ မဟုတ်ဘဲ အစီအစဉ် တရားမျှတမှု မရှိ၊ ပွင့်လင်း မြင်သာမှု မရှိလို့ ကန့်ကွက်တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ