ကိုဖီအာနန်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒီနေ့ တွေ့ဆုံဖို့ ရှိနေ

_koffie_annan_myanmar_rakhine_
Image caption ရခိုင် ပြည်နယ် ရေးရာ အကြံပေး ကော်မရှင် ဖွဲ့စည်း တဲ့ အပေါ် မကျေနပ်သူ တချို့ က ရန်ကုန် နဲ့ စစ်တွေ မြို့တွေမှာ ဆန္ဒပြကြဖို့ စီစဉ် နေ။

မြန်မာ အစိုးရက ဖွဲ့စည်း ပေးထားတဲ့ ရခိုင်ပြည်နယ် ရေးရာ အကြံပေး ကော်မရှင် ကို ဦးဆောင်သူ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန် ရန်ကုန် မှာ ရောက်ရှိနေပြီး နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်တာဘာလ ၅ ရက်နေ့ ဒီကနေ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒါ့အပြင် အင်္ဂါနေ့ မှာ စတင်မယ့် နှစ်ရာကြာ ရခိုင်ပြည်နယ် ခရီးစဉ် မစခင် တင်ခင် မှာပဲ မစ္စတာ အာနန် ဟာ ရခိုင် အမျိုးသားရေး ပါတီ ANP အပါအဝင် အဖွဲ့အစည်း တော်တော် များများ နဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့ ရန်ကုန်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

အကြံပေး ကော်မရှင် အဖွဲ့ဝင် တွေ စုံစုံညီညီ နဲ့ ရခိုင် ပြည်နယ်ကို လာရောက်မယ့် မစ္စတာ အာနန် ရဲ့ ခရီးစဉ် အတွင်း မှာတော့ ပြည်နယ် အာဏာပိုင် အစိုးရနဲ့ လွှတ်တော် တို့နဲ့ တွေ့ဆုံပြီး ကော်မရှင် ဘာတွေ လုပ်ဆောင်မလဲ ဆိုတာ မိတ်ဆက် သဘော ရှင်းပြ လိမ့်မယ် လို့ ရခိုင် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဆွေ က ဘီဘီစီကို ပြောပါတယ်။

ရခိုင် ပြည်နယ် ရေးရာ အကြံပေး ကော်မရှင် ဖွဲ့စည်း တဲ့ အပေါ် မကျေနပ်သူ တချို့ က ရန်ကုန် နဲ့ စစ်တွေ မြို့တွေမှာ ဆန္ဒပြကြဖို့ စီစဉ် နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။

ကိုဖီ အာနန်ဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အဖြစ် တာဝန် ယူခဲ့စဉ် ငြိမ်းချမ်းရေး နိုဘယ် ဆုကို ကုလသမဂ္ဂ အဖွဲ့ အစည်း နဲ့ အတူ ၂ဝဝ၁ ခုနှစ်တုန်းက ရရှိ ခဲ့သူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ