ကိုဖီအာနန်နဲ့ရခိုင်အကြံပေးကော်မရှင်ကိုဒေသခံတွေ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုဖီအာနန် လေဆိပ်အထွက်တွင် ဆန္ဒပြသူများနှင့် တွေ့ရစဉ်

ရခိုင်ရေးရာ စုံစမ်းရေးကော်မရှင်ဥက္ကဌ ကိုဖီအာနန်ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ အင်္ဂါနေ့မနက် ကိုးနာရီမှာ စစ်တွေလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

လေဆိပ်က အထွက်မှာပဲ ထောင်ချီတဲ့ ရခိုင်ဒေသခံတွေက ကိုဖီအာနန်ဦးဆောင်သော ကော်မရှင်အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ကိုဖီအာနန်နဲ့ အဖွဲ့က အစိုးရတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကနဦး တွေ့ဆုံပွဲမှာ ကိုဖီအာနန်က ရခိုင်မှာ ရှိတဲ့ ဘက်နှစ်ဘက်ဟာ တရားမျှတမှုနဲ့ ဘက်မလိုက်ဖို့ကို စဉ်းစားဖို့လိုကြောင်းနဲ့ ရခိုင်အရေးကို ရခိုင်ဒေသခံတွေကသာ ဆုံးဖြတ်ရာမှာ ဖြစ်ကြောင်း၊ သူက ကူညီဖို့သာ လာတာ ဖြစ်ကြောင်း ပြောပါတယ်။

ကိုဖီအာနန်က သံဃာတော် ၁၁ပါး၊ ရခိုင်ပြည်နယ်လွှတ်တော်က ဥက္ကဌနဲ့ လွှတ်တော် အမတ်တွေနဲ့ တွေ့ခဲ့ပြီး နောက်ပိုင်းမှာ မြို့မိမြို့ဖတွေက ကိုဖီအာနန်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။

နောက်ရက်တွေမှာ သဲချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းနဲ့ မင်းဂံ ရခိုင်ဒုက္ခသည်စခန်းကို သွားမယ်လို့ သိရပါတယ်။