မြန်မာတစ်ဦး ချင်းမိုင်မှာ ဇီကာကူးစက်ခံရ

Zika Myanmar ဓာတ်ပုံ မူပိုင် Thinkstock
Image caption ချင်းမိုင်ပြည်နယ်ထဲမှာ ကူးစက်ခံရသူ ၁၀ ဦးကျော်ရှိ

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ မြန်မာနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ချင်းမိုင်ပြည်နယ်ထဲက ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံရသူတွေထဲမှာ မြန်မာအမျိုးသမီးတစ်ဦးပါဝင်နေတယ်လို့ ချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကြေညာပါတယ်။

ဇီကာဟာ မွေးလာတဲ့ကလေးတွေကို ဦးခေါင်းနဲ့ ဦးနှောက်သေးတဲ့ ရောဂါဖြစ်ပါတယ်။

ဒါကြောင့် ချင်းမိုင်ပြည်နယ်ကို လာရောက်မယ့် မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တွေ မလာကြသေးဖို့လည်း တိုက်တွန်းထားပါတယ်။

အခု ကူးစက်ခံရတဲ့ မြန်မာအမျိုးသမီးဟာ ထိုင်းနိုင်ငံကို ရောက်တာ တစ်လလောက်ပဲ ရှိသေးပြီး ဘာကြောင့် ကူးစက်ခံရတယ်ဆိုတာ မသိရသေးဘူးလို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သံမှူး ဦးစန်းယုကျော်က ပြောပါတယ်။

ကူးစက်ခံရသူကို ဆန်ဆိုင်းဆေးရုံက အရေးပေါ်ကုသဆောင်မှာ ကုသမှုခံယူနေကြောင်း၊ ကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ အကူအညီပေးနိုင်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိရှိကြဖို့ ဦးစန်းယုကျော်က ပြောပါတယ်။

ထိုင်းအစိုးရကလည်း အခု ကူးစက်ခံရတဲ့နေရာတွေမှာ ခြင်နှိမ်နှင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဇီကာကူးစက်ခံရတဲ့သူဟာ ကိုယ်အပူချိန်တက်ပြီး အဖျားတက်တာ၊ အရေပြားယားယံတာ၊ မျက်လုံးနီတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ ပုံမှန်မဟုတ်တဲ့ ကြွက်သားနာကျင်တာ၊ ခေါက်ကိုက်တာတွေ ဖြစ်တတ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ