စူဠာမဏိနဲ့ သဗ္ဗညု အတွင်းပိုင်း ပျက်စီး

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ငလျင်အပြီးတွေ့ရတဲ့ စူဠာမဏိဘုရား

အပေါ်ပိုင်းစင်္ကြန်အက် သွားတဲ့ သဗ္ဗညုဘုရားနဲ့ အတွင်းပိုင်း အပျက်အစီး များခဲ့တဲ့ စူဠာမဏိဘုရား အပါအဝင် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးသွားတဲ့ စေတီပုထိုး အရေအတွက် ၃၆ ဆူ ရှိတယ်လို့ ရှေးဟောင်းသုတေသန ဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

အပျက်အစီး ရှင်းလင်းမှု ပြီးစီးသွားတဲ့ စေတီ ၁၇ ဆူရှိပြီ ဖြစ်ပြီး အဲဒီအထဲမှာ အစောပိုင်းက ပိတ်ထားခဲ့တဲ့ ဂူပြောက်ကြီး၊ မြင်းကပါ၊ အပယ်ရတနာနဲ့ ဓမ္မရာဇက ဘုရားတွေ ပါဝင်တယ်လို့ ဦးအောင်အောင်ကျော်က ပြောပါတယ်။

အာနန္ဒဘုရားမှာတော့ မြောက်ဘက်မုခ် အပေါ်ပိုင်းက နံရံဆေးရေး ပန်းချီတွေ အနည်းငယ် ကွာကျတာက လွဲလို့ တခြားထူးထူးခြားခြား အပျက်အစီးမရှိဘူး လို့ ဆိုပါတယ်။

အပျက်အစီးများတဲ့ စေတီတွေကို လည်း မပြုပြင်နိုင် သေးခင်မှာ မိုးရေမဝင်အောင် မိုးကာမိုးပေးတဲ့ လုပ်ငန်းတွေကို အစိုးရ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ပူးပေါင်း လုပ်ဆောင်နေပါတယ်။

အပျက်အစီးများတဲ့ ဘုရားတွေကို ဝင်းထဲ ဝင်ခွင့်ပေးပေမယ့် အပေါ်တက်ဖို့ ပိတ်ထားပါတယ်။

ပြင်ဆင်ရေးလုပ်ငန်းတွေ အတွက်လည်း ကျွမ်းကျင်သူတယောက်ကို သင်တန်းပေးဖို့ ခေါ်ယူထားပြီး ဆင့်ပွားသင်တန်းတွေပေးပြီး လုပ်ငန်းတွေ စတင်ဖို့ ညှိနှိုင်းနေတယ်လို့ ဦးအောင်အောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ