ရခိုင်အမျိုးသားပါတီနဲ့အနာဂတ်အရေးALD ဆွေးနွေး

Image caption တံခါးပိတ် အစည်းအဝေးမှာ ပါတီ ပြန်ထောင်သင့် မထောင် သင့် ဆွေးနွေး ခဲ့

ရခိုင်ပြည်နယ် အတွင်း အင်အား အကြီးမားဆုံး ပါတီ တစ်ရပ် ဖြစ်တဲ့ ရခိုင် အမျိုးသားပါတီ ANP ကို ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကို ပေါင်းစည်းထားရာမှာ အခုအခါ ပြဿနာတွေ ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က ခေါင်းဆောင်တွေဟာ နောက်ထပ် ပါတီ တစ်ရပ်ကို ထူထောင်နိုင်ရေး အတွက် စက်တင်ဘာလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ Orchid ဟိုတည်မှာ အစည်းအဝေး တစ်ရပ်ကို တံခါးပိတ် ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က နာမည်ကြီး ပါတီ တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသား ပါတီ ANP အကြားမှာ ကွဲအက်မှုတွေရှိနေရာမှာ အခုခါ ပိုမိုပြင်းထန်တဲ့ အနေအထားသို့ ရောက်ရှိလာတာကို တွေ့နေရပါတယ်။

ရခိုင်အမျိုသားပါတီဆိုတာဟာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့ ပေါင်စည်းထားတဲ့ ပါတီ တစ်ခု ဖြစ်ပါတယ်။

အခုအခါ ပါတီထဲမှာ ပါဝင်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် က သီးသန့် ပါတီတစ်ရပ်ကို ပြန်လည် ထူထောင်ဖို့ စိုင်းပြင်းတဲ့ ခြေလှမ်းမျိုး လှမ်းလာတာကို တွေ့နေရပါတယ်။

ANP ပါတီထဲက ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေရဲ့ တံခါးပိတ် အစည်းအဝေးမှာ ပါတီ ပြန်ထောင်သင့် မထောင် သင့် ဆွေးနွေး ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမျိုးကျော်က ပြောပါတယ်။

ပါတီခွဲထောင်ရင် လူထုတွေက လက်ခံ မလား လက်မခံဘူးလားဆိုတာကို ဆန်းစစ်နိုင်အောင် အောက်တိုဘာလ အတွင်းမှာ မြို့နယ် ကော်မတီတွေ၊ ရခိုင်အမျိုးသားပါတီက အပြင်ဘက်ကို ရောက်နေတဲ့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး အစည်းအဝေး တစ်ရပ်ပြုလုပ်ကာ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

ခုလို ရခိုင်အမျိုးသား ပါတီတွင်း သဘောထားကွဲလွဲမှုတွေကို ပါတီတွင်းမှာ ဖြေရှင်း ဖို့က နှစ်ပါတီ ပေါင်းထားပေမယ့် ဗဟို အလုပ်အမှုဆောင် ခွဲဝေတဲ့ ကိစ္စတွေမှာ မညီမျှမှုတွေ ရှိတယ်လို့လည်း ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမျိုးကျော်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်ထဲက အင်အား အကြီးမားဆုံး ပါတီတရပ် ဖြစ်ပြီး လက်ရှိ မြန်မာ နိုင်ငံရေး အခင်းအကျင်းမှာ အဓိက ထဲထဲဝင်ဝင် လူပ်ရှားဆောင်ရွက်နေတဲ့ ပါတီလည်း ဖြစ်ပါတယ်။

ပါတီတွင်း အခြေအနေတွေကြောင့် ပါတီ စည်းလုံး ညီညွတ်မှုကိုတော့ အနည်းနဲ့ အများဆိုသလို ထိခိုက်မှု တွေ ရှိလာနိုင်တယ်လို့ လေ့လာသုံးသပ်သူ မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ