ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် ကို ရောက်ရှိ

Image caption ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေ၊ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် တို့နဲ့လည်း တွေ့ဆုံဖို့ ရှိ

ဗြိတိန် နဲ့ အမေရိကန် နိုင်ငံတွေကို ၂ ပတ်ကြာ သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စက်တင်ဘာ ၁၀ ရက် ဒေသ စံတော်ချိန် ည ရှစ်နာရီ ခန့်မှာ လန်ဒန် မြို့ကို ရောက်ရှိ လာပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ အခုလောလောဆယ်မှာ လန်ဒန်မြို့ Mayfair အရပ်က ဒေါ်ချက်စတာ ဟိုတယ်မှာ ခေတ္တ တည်းခိုလျှက် ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဟာလည်း ဗြိတိန် နိုင်ငံကို ရောက်ရှိစဉ် ဒေါ်ချက်စတာ ဟိုတယ်မှာ တည်းခို နေထိုင် ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း နေထိုင်ခဲ့တဲ့ အခန်း ကို ဒေါ်အောင်ဆန်းစုကြည် အတွက် ပြန်လည် စီစဉ် ပေးထားတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ရက်တွေမှာ ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေ၊ နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင် တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေ နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဥရောပ နိုင်ငံတွေက မြန်မာ သံအမတ်တွေ တွေ့ဆုံဖို့ ရှိပါတယ်။

တနင်္လာနေ့မှာ တော့ ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေ နဲ့ နိုင်ငံခြားရေး ဝန်ကြီး တို့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြမှာပါ။

စက်တင်ဘာ ၁၃ ရက်၊ အင်္ဂါနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် နိုင်ငံကို ဆက်လက် ထွက်ခွာ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ