DKBAအပေါ် ထိုးစစ်ဆင်နေတာကို ရပ်တန့်ဖို့ KNU တောင်းဆို

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသတွင်းမှာ အခြေစိုက်တဲ့ DKBA ခွဲထွက်အဖွဲ့ကို အစိုးရ စစ်တပ်နဲ့ BGF ကရင် နယ်ခြားစောင့်တပ် တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ KNU ကရင်အမျိုးသား အစည်းအရုံးက မနေ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

DKDA ခွဲထွက် အဖွဲ့ရဲ့ ဝါးကူးလူးစခန်းကို အစိုးရစစ်တပ်နဲ့ BGF တပ်ဖွဲ့တွေက စက်တင်ဘာလ ၁၁ရက်နေ့က စတင် တိုက်ခိုက်ခဲ့ရာကနေ အစိုးရနဲ့ အပစ်ရပ် သဘောတူထားတဲ့ KNU ထိန်းချုပ် ဒေသအထိ စစ်ရေး ကူးစက်သွားမှာကို စိုးရိမ်မိတယ်လို့ KNU ခေါင်းဆောင်ပိုင်းက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာ မြိုင်ကြီးငူ ဒေသဘက်ကို တိမ်းရှောင် ထွက်ပြေးခဲ့ရပါတယ်။