ဒီကေဘီအေ စခန်း ၄ ခု စွန့်ခွာ

Image caption ဒီကေဘီအေ ခွဲထွက် အဖွဲ့က ၄ ယောက် သေပြီး တော့၊ ၁၀ ယောက် ဒါဏ်ရာ ရ

အစိုးရ စစ်တပ်နဲ့ BGF ကရင် နယ်ခြားစောင့် ပူးပေါင်း တပ်တွေ အခုလ ၁၁ ရက်နေ့က စပြီး၊ ကရင် ပြည်နယ် မဲသဝေါ ဒေသမှာ အခြေစိုက်တဲ့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ကို တိုက်ခိုက် နေတာ ဖြစ်ပါတယ်။

စနေနေ့ ညမှာတော့ ဒီကေဘီအေ ခွဲထွက် အဖွဲ့ဟာ သူတို့ စခန်းတွေကို စွန့်သွားကြပါပြီ။

တပတ်အကြာ အစိုးရစစ်တပ်နဲ့ BGF ကရင် နယ်ခြားစောင့် ပူးပေါင်း တပ်တွေက၊ ဒီကေ ဘီအေ ခွဲထွက် အဖွဲ့ကို မော်တာ အကြီးစားတွေ၊ လက်နက်ငယ် တွေနဲ့ အပြင်း အထန် တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့ မနက်ပိုင်း မှာတော့ ဒီကေဘီအေ ခွဲထွက် အဖွဲ့က ဗိုလ်ဘိရဲ့ ရိက္ခာကုန်း၊ ဘုရားကုန်း၊ ဝါးကူးလူ စခန်း ၃ ခုနဲ့ ဗိုလ်ကျော် သက်ရဲ့ စခန်း တခုကို အစိုးရတပ်နဲ့ BGF တပ်တွေက သိမ်းပိုက် လိုက်နိုင် တာ ဖြစ်ပါတယ်။

အခု စခန်းသိမ်း တိုက်ပွဲမှာ ဒီကေဘီအေ ခွဲထွက် အဖွဲ့က ၄ ယောက် သေပြီးတော့၊ ၁၀ ယောက် ဒါဏ်ရာ ရတယ်လို့ သိရ ပါတယ်။ အစိုးရ စစ်တပ်နဲ့ BGF ဘက်က အသေ အပျောက် ကိုတော့၊ အတည်ပြုလို့ မရသေးပါ။

ဒီ တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ မြိုင်ကြီးငူကို မသွားချင်လို့ ဆိုပြီး၊ ထိုင်းနယ်စပ် မြန်မာ ဘက်ခြမ်းက ထီးသေခီး ဆိုတဲ့ နေရာကို စစ်ပြေး ဒုက္ခသည် ၃၀၀ ကျော် တိမ်းရှောင် ခဲ့ပြီး၊ ထိုင်းဘက် မဲသဝေါရွာ ကိုတော့ ၂၀၀ ကျော် ရောက်နေ ပါတယ်။

ဆက်စပ် အကြောင်းအရာများ