ပြင်ဦးလွင် စိုက်ခင်းမြေ လက်လွှဲ ရောင်းချမှု အရေးယူဖို့ အဆိုပြု

Image caption တဆင့် ပြန်လည်ရောင်းချ မှုတွေကြောင့် ရှုပ်ထွေး မှုတွေ ရှိနေ

ပြင်ဦးလွင် မြို့နယ်မှာ အရင် အစိုးရ လက်ထက်က သစ်တော ဦးစီး ဌာန ပိုင်မြေ ဧက ခြောက်သောင်း နီးပါး ကို ကော်ဖီ စိုက်ဖို့ အတွက် လုပ်ငန်းရှင် အချို့က ငှားရမ်း ခဲ့ပါတယ်။

ငှားရမ်း မြေတွေကို စိုက်ပျိုးမှုတွေ မလုပ်ဘဲ မြေကွက် ရိုက်ပြီး ပြန်လည်ရောင်းချ မှုတွေ ရှိနေတဲ့ အတွက် အရေးယူပေးဖို့ စက်တင်ဘာလ ၂၂ ရက်နေ့က မန္တလေး တိုင်းဒေသကြီး လွှတ်တော်မှာ ပြင်ဦးလွင် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း က အဆိုတင် သွင်းခဲ့ပါတယ်။

အဲဒီ အဆိုကို တိုင်းဒေသကြီး လွှတ်တော်မှာ လက်ခံ ဆွေးနွေးဖို့ သဘောတူညီ ခဲ့ပြီး မြေကွက်ရိုက် ရောင်းချ သူတွေကို အရေးယူပေးဖို့ အစိုးရ ကို တိုက်တွန်းကြောင်း အခြား ကိုယ်စားလှယ် ၄ ဦး က ထောက်ခံ ဆွေးနွေး ခဲ့ကြပါတယ်။

မန္တလေး တိုင်း ဒေသကြီး အစိုးရ ကလည်း မြေကွက် ရောင်းချမှုတွေ နဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက် ဖို့ သဘောတူညီ ခဲ့တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီး ဦးမ်ျိဳးသစ် က ဘီဘီစီကို ပြောပါတယ်။

ဒေသခံ တွေရဲ့ မြေယာတွေကို သိမ်းဆည်းပြီး စိုက်ပျိုးရေး ဆောင်ရွက်ဖို့ စီမံ လျာထား ခဲ့ပေမယ့် အခုလို တဆင့် ပြန်လည်ရောင်းချ မှုတွေကြောင့် ရှုပ်ထွေး မှုတွေ ရှိနေပါတယ်။

မြေတန်ဖိုး တွေ မြင့်တက် လာတဲ့ အတွက် ကော်ဖီ စိုက်ခင်း လုပ်မယ်လို့ လာရောက်လျှောက်ထားခဲ့ပြီး စိုက်ခင်း မလုပ်ဘဲ လက်လွှဲ ရောင်းချတာတွေ၊ ပုဂ္ဂလိက သစ်မာ စိုက်ခင်း လုပ်သူတွေက လည်း ပြန်လည်ရောင်းချ နေတာ ပါ။

မြေကွက်တွေ နဲ့ ပတ်သက်လို့ အဆင့်ဆင့် လက်ပြောင်းလက်လွှဲ ရောင်းချမှုတွေကို ဥပဒေ အရ ဆက်လက် ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် တဦး က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ