ဒေါ်အောင်ဆန်းစုကြည် ခရီးဒဏ်ကြောင့် အနားယူဖို့ လိုအပ်နေ

_obama_dassk_sanctions_
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ခရီးစဉ် အတွင်း အစားအသောက် မမှန်၊ နားချိန် မမှန် ဖြစ်ခဲ့ရ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အစာအိမ် ရောင်ရမ်း ပြီး အရိုးကျည်းပေါင်း တက်တဲ့ ဝေဒနာ တွေ ခံစား နေရတယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး က ထုတ်ပြန် ပါတယ်။

ယူကေနဲ့ အမေရိကန် ခရီးစဉ် တွေကို နှစ်ပတ် ကျော် သွားခဲ့ပြီး ရန်ကုန် လေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် တနင်္ဂနွေ ညပိုင်း က ပြန်လည် ရောက်ရှိ တုန်းမှာ စောင့်ကြို နေတဲ့ လူ အများကို နှုတ်ဆက် တာမျိုး မလုပ်ပဲ ထွက်ခွာ သွားခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှု တွေ ဖြစ်ပေါ် လာခဲ့ ပါတယ်။

ဒီ စိုးရိမ်မှု တွေ အပေါ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး က တုံ့ပြန် တဲ့ အနေနဲ့ ကြေညာ ထုတ်ပြန်လာ တာ ဖြစ်ပြီး၊ ခရီးစဉ် အတွင်းမှာ အစီအစဉ် တွေ များလွန်း လှတဲ့ အတွက် အစားအသောက် မမှန်၊ နားချိန် မမှန် ဖြစ်ခဲ့ရတယ် လို့ ဆိုပါတယ်။

အခုလို အစာအိမ်နဲ့ အရိုးကျည်းပေါင်း ပြဿနာ တွေက လွဲပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ဟာ ကောင်းမွန် နေပမယ့်လည်း အနားယူဖို့ လိုအပ် နေတယ် လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ