ရေမဆေးကျောက်သမား ၇ ယောက်ကို ပြန်လွှတ်ဖို့ ခန္တီးမှာ ထောင်ချီ ဆန္ဒပြ

jade_myanmar_hkamti_protest_
Image caption လက်ရှိ ကျောက်မျက် ဥပဒေ ဟာ ကုမ္ပဏီ ကြီး တွေ ရဲ့ အကျိုးစီးပွား ကိုသာ အကာအကွယ် ပေးနေ။

ဖားကန့် ကျောက်စိမ်း မြေ ကနေ ရေမဆေး ကျောက် ရှာဖွ ပြန် လာ ကြသူ တွေ ကို ခန္တီး မြို့မှာ အာဏာပိုင် တွေ က ဖမ်းဆီး ထားတဲ့ အတွက် ပြန်လွှတ် ပေးဖို့ မြို့ပေါ်မှာ လူ တွေ ထောင်ချီ ပြီး စက်တင်ဘာ ၂၆ ရက် နေ့ က ဆန္ဒပြ ခဲ့ ကြပါတယ်။

တရားမဝင် ကျောက်မျက် သယ်ဆောင်မှု၊ လက်ဝယ် တွေ့ ရှိမှု တွေ နဲ့ ၈ ယောက်ကို ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး ၇ ယောက် ကို ဆက်လက် ထိန်းသိမ်း ထားဆဲ ဖြစ်ပါတယ်။

လက်ရှိ ကျောက်မျက် ဥပဒေ ဟာ ကုမ္ပဏီ ကြီး တွေ ရဲ့ အကျိုးစီးပွား ကိုသာ အကာအကွယ် ပေးနေပြီး တနိုင်တပိုင် ရှာ ဖွေ လုပ်ကိုင် စားရတဲ့ ရေမဆေး သမား တွေ အတွက် ပြင်းထန် လွန်းလှတယ် လို့ ဆန္ဒပြ သူတွေ က ဆိုပါတယ်။

ခန္တီး ဆန္ဒပြပွဲ မှာ လူ သုံးထောင် ဝန်းကျင် ပါဝင် ခဲ့ကြပြီး ဖမ်းဆီး ထားသူတွေကို ပြန်လွှတ် ပေးရေး နဲ့ လက်ရှိ ကျောက်မျက် ဥပဒေကို ပြင်ဆင် ပေးရေး အချက် တွေ တောင်းဆို ခဲ့ကြ ပါတယ်။

အစိုးရ အာဏာပိုင် တွေ ဘက်ကတော့ ကျောက်မျက် တူးဖော် ရှာဖွေရေး လုပ်ငန်း တွေကို တရားဝင် လုပ်ငန်း လိုင်စင် လျှောက်ထားပြီး လုပ်ကိုင် ရမယ် ဆိုတဲ့ ဥပဒေ ကို စွဲ ကိုင် ထားပါတယ်။

ဖားကန့်နယ် မှာ ကုမ္ပဏီ တွေက စွန့်ပစ်တဲ့ မြေစာပုံ တွေ ပြိုကျ ပြီး ရေမဆေးကျောက် ရှာသူတွေ အစုလိုက် အပြုံလိုက် သေဆုံး မှုတွေ ဖြစ်ပေါ် လေ့ ရှိ ခဲ့တဲ့ အတွက် ကုမ္ပဏီ တွေကို မြေစာ စနစ်တကျ စွန့်ပစ်ဖို့ တင်းကြပ် လာရသလို၊ ရေမဆေး ကျောက် ရှာသူ တွေ ကိုလည်း ပစ်မှတ်ထား ထိန်းချုပ် လာတာ ဖြစ်ပါတယ်။

ကျောက်မျက် ရောင်းဝယ် တဲ့ လုပ်ငန်းကို လိုင်စင်ရှိ ကုမ္ပဏီ ကြီးတွေ ကိုပဲ လုပ်ပိုင်ခွင့် ပေးတာ မျိုး မဟုတ်ပဲ တနိုင်တနိုင်ပိုင် ကျောက်သမား တွေ ကိုလည်း ရောင်းဝယ်ခွင့် ပေးဖို့ ထောက်ပြ နေသူတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ