ဘီပီအိုင်ဆေး အတုတွေ ကျပ်ငွေ သိန်းပေါင်း သောင်းချီပြီး တစ်လအတွင်း ဖမ်းမိ

pi_counterfeit_medicine_myanmar
Image caption ဆင်တူယိုးမှား အမှတ်တံဆိပ် တွေ နဲ့ ဆေးတု တွေ ရှိသလို၊ သက်တမ်းလွန် ဆေးတွေကို အသစ် ပြန်လည် ထုပ်ပိုးပြီး ရောင်းချ တာမျိုး တွေလည်း တွေ့ရ။

မြန်မာ နိုင်ငံ အစိုးရပိုင် ဆေးဝါး စက်ရုံ တွေရဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ် တွေ ဖြစ်တဲ့ BPI နဲ့ MPF အမှတ်အသား တွေ နဲ့ ဆေးအတု တွေ၊ သက်တမ်းလွန် ဆေးတွေ ပြည်တွင်း စျေးကွက်ထဲ အတွေ့များ နေရတဲ့ အတွက် သက်ဆိုင်ရာ က ဖမ်းဆီး နေရပါတယ်။

အခုလ ထဲမှာကို ကျပ်ငွေ သိန်းပေါင်း ၂သောင်း ရှစ်ထောင် ကျော်ဖိုး ဖမ်းဆီး မိခဲ့တယ်လို့ ဆေးဝါး ကွပ်ကဲရေး ဌာန က ဆိုပါတယ်။

ဆင်တူယိုးမှား အမှတ်တံဆိပ် တွေ နဲ့ ဆေးတု တွေ ရှိသလို၊ သက်တမ်းလွန် ဆေးတွေကို အသစ် ပြန်လည် ထုပ်ပိုးပြီး ရောင်းချ တာမျိုး တွေလည်း တွေ့ရတယ်လို့ ဆေးဝါးဌာန ညွန်ကြားရေးမှူး ဒေါက်တာ သိင်္ဂီဇင်က ဘီဘီစီကို ပြောပါတယ်။

ဆရာဝန် ညွှန်ကြားချက် ဆေးစာ နဲ့ လိုင်စင်ရ ဆိုင်တွေ ကနေသာ ဆေးဝယ် ဖို့ ဒေါက်တာ သိင်္ဂီဇင်က အကြံပြု ပါတယ်။

ဆေးဗူးလိုက် မဝယ် နိုင်သူ တွေ အတွက် အပြားရေ လိုက် ဖြစ်စေ ဝယ်ယူ တဲ့ အခါမှာလည်း ဆေးဗူးနဲ့ အမှတ်တံဆိပ်၊ သက်တမ်း ကုန်ဆုံးရက် စတာတွေကို သတိထား ကြည့်ကြဖို့လည်း ဒေါက်တာ သိင်္ဂီဇင်က တိုက်တွန်း ပါတယ်။

အစိုးရပိုင် ဆေးဝါး စက်ရုံ ရဲ့ ထုတ်လုပ်မှု အင်အား နည်းပါးပြီး ကုန်ကြမ်း တင်သွင်း ရတဲ့ အတွက် စျေးနှုန်း အနေနဲ့လည်း ကြီးမြင့်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ