အရေးပေါ် စီမံမှု အက်ဥပဒေ ပယ်ဖျက်

hluttaw ဓာတ်ပုံ မူပိုင် Getty
Image caption ဖိနှိပ်တဲ့ ဥပဒေတွေ ဒေါ်အောင်ဆန်းစုကြည် ပယ်ဖျက်

စစ်အစိုးရတွေ လက်ထက်က အတိုက်အခံတွေကို ဖိနှိပ်ခဲ့တဲ့ အရေးပေါ် စီမံမှု အက်ဥပဒေကို မြန်မာ အစိုးရက ပယ်ဖျက် လိုက်ပါတယ်။

၁၉၅ဝ က ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေ အရ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စပ်လျဉ်းပြီး တသက်တကျွန်းဒဏ်၊ သေဒဏ်ထိ ချမှတ်လို့ရပါတယ်။

လူထု မငြိမ်မသက် ဖြစ်စေတာ၊ သတင်းမှားတွေ ဖြန့်တာ စတဲ့ ပြစ်မှုတွေ အတွက် ထောင် ၇ နှစ်ထိ ချခွင့် ဒီဥပဒေက ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရ လာပြီးနောက် ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ ကြိုးစားနေပါတယ်။

ဒီဥပဒေတွေနဲ့ သူ့ပါတီဝင်တွေ ထောင်တွေ နှစ်ရှည် ကျခံခဲ့ရတာပါ။

ဒါပေမဲ့လည်း တချို့ဥပဒေတွေကို ဆက်လက် သုံးစွဲနေဆဲ ဖြစ်တယ်လို့လည်း ဝေဖန်သူတွေ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ