ယူရိုဇုန်ရဲ့ ချေးငွေကူညီမှုကို စပိန်ကြိုဆို

ဓာတ်ပုံ မူပိုင် AP
Image caption အနာဂတ် ယူရိုငွေကြေး တည်ငြိမ်ခိုင်မာ လာရေး အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း မစ္စတာ ရတ်ဟွိုင်းက ပြောပါတယ်

စပိန်နိုင်ငံက ဘဏ်တွေကို ကူညီဖို့ အတွက် ဒေါ်လာ ၁၂၅ ဘီလျံ ထုတ်ချေးဖို့ကို ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေက သဘောတူ လိုက်တဲ့ အတွက် စပိန် ဝန်ကြီးချုပ် မာရီရာနို ရတ်ဟွိုင်းက ကြိုဆိုလိုက်ပါတယ်။

ဒါဟာ အနာဂတ် ယူရိုငွေကြေး တည်ငြိမ် ခိုင်မာ လာရေး အတွက် အင်မတန်မှ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း မစ္စတာ ရတ်ဟွိုင်းက ပြောပါတယ်။

စနေနေ့က ယူရိုဇုန်ကနေ စပိန် ဘဏ္ဍာရေး စနစ်အတွက် ရင်းနှီးထည့်ဝင် နိုင်ဖို့ လမ်းဖွင့် ပေးလိုက်ကြောင်းနဲ့ ဒီအတွက် စပိန်က စီးပွားရေး လုပ်ငန်းတွ အနေနဲ့ တင်ရှိနေတဲ့ အကြွေးတွေ အတွက် ပြန် အဖတ်ဆယ် နိုင်မှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။

ဒါကြောင့် စပိန်က စီးပွားရေး လုပ်ငန်းတွေနဲ့ အများ ပြည်သူတွေ ဆီကို ငွေကြေးစီးဆင်း လည်ပတ်နိုင်ဖို့ အတွက်လည်း အာမခံချက် ရသွားစေမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်တည်ဆာက်နိုင်မှာ ဖြစ်တဲ့ အတွက် အရင်တုန်းက အိမ်ယာစျေးကွက် ပြိုကျခဲ့ပြီးနောက် ယုံကြည်မှု အားနည်း နေတာတွေကို ပြန်ပြီး ယုံကြည် အားထား လာနိုင်အောင် လုပ်ကိုင် နိုင်စေမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ