ဗြိတိသျှ ဘဏ္ဍာရေး စံနစ် အားနည်းချက် တွေရှိ

Image caption ဘာကလေ ဘဏ်ကို အတိုးနှုန်း ကစားမှု အတွက် ဒဏ်ငွေ ချမှတ်ခဲ့

ဗြိတိသျှ ဘဏ်တွေ ပါဝင် ပတ်သက် နေတဲ့ အတိုးနှုန်း စျေးကစား မှုကို စုံစမ်း စစ်ဆေးချက် အရ ဘဏ္ဍာရေး စံနစ်မှာ အတွင်း ကျကျ ယိုယွင်း မှုတွေ ရှိနေ တာကို တွေ့ရ တယ်လို့ ဗြိတိသျှ ဘဏ္ဍာရေး ဝန်ကြီး George Osborne က ပြောပါတယ်။

အတိုးနှုန်း ကစားမှု အတွက် Barclays ဘဏ်ကို ဒေါ်လာ သန်း ၄၅၀ ဒဏ်ငွေ ချမှတ်ပြီး နောက်တနေ့မှာ သူက အခုလို ပြောခဲ့ တာပါ။

လူတွေဟာ လောဘကို ရှေ့တန်းတင် နေကြ တယ်လို့ သူက ဆိုရင်း ဘာကလေ ဘဏ်ရဲ့ အမှုဆောင် အရာရှိ Bob Diamond အနေနဲ့ အလွန် လေးနက်တဲ့ မေးမြန်းချက် တွေကို ဖြေကြား ရလိမ့်မယ်လို့ ဆိုပါတယ်။

တခြား စစ်ဆေး ခံနေရတဲ့ ဘဏ်တွေထဲ မှာ Citigroup, JP Morgan နဲ့ Deutsche Bank တို့ ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ