နောက်ဆုံး ရေးသားချိန် 3 ဧပြီလ 2011 - 18:35 GMT

ပအိုဝ်း အမျိုးသားနေ့

တပေါင်းလပြည့် နေ့က ကျင်းပခဲ့တဲ့ ပအိုဝ်း အမျိုးသား ပွဲတော်

၁၉၄၈ ခုနှစ် မတ်လတုန်းက သထုံမြို့မှာ ဖဆပလ အစိုးရရဲ့ မြေယာ ဝေခြမ်းရေး အစီအစဉ်ကို ပအိုဝ်းရွာသားတွေက ကန့်ကွက် ချီတက် ဆန္ဒပြပြီး အဆို ၃ရပ်ကို တောင်းဆိုခဲ့ပါတယ်။

အဲဒီ အဆိုတွေထဲက ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးလို့ ရေးသား ခေါ်ဆိုခြင်း မပြုဘဲ ပအိုဝ်း လူမျိုးလို့သာ ရေးသား ခေါ်ဆို အသိအမှတ်ပြုရန် ဆိုတဲ့ အချက်ကိုသာ ဖဆပလ အစိုးရက လိုက်လျော ပေးခဲ့ပါတယ်။

အဲဒီ အချိန်က စပြီး သထုံမြို့ရှိ ရွှေစာရံ စေတီတော်ရဲ့ မူလ ဒါယကာ ပအိုဝ်းမင်း ဖြစ်သည့် သထုံ ပြည့်ရှင် ပအိုဝ်းမင်း သူရိယ စန္ဒာရဲ့ မွေးနေ့ ဖြစ်သော တပေါင်း လပြည့်နေ့ တိုင်းမှာ ပအိုဝ်း အမျိုးသားနေ့ ကို နှစ်စဉ် ကျင်းပလာခဲ့ပါတယ်။

ပအိုဝ်း အမျိုးသားနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်မှာ ပအိုဝ်း တိုင်းရင်းသားတို့တွေ အကြား စည်းလုံး ညီညွတ်မှု ပိုမို ရရှိရေး ၊ ရိုးရာ ယဉ်ကျေးမှုနှင့် စာပေများကို ထိန်းသိမ်းရေး အတွက် အားကစား တွေလည်း ကျင်းပခဲ့ပါတယ်။

ရည်ရွယ်ချက် ကတော့ ပအိုဝ်း လူငယ်တွေဟာ တခြား တိုင်းရင်းသား လူငယ်တွေနဲ့ ပိုမို ရင်းနှီးမှု ရရှိလာရေး ဖြစ်ပါတယ်။

၁၉၉၆ နောက်ပိုင်း နအဖ စစ်အစိုးရက ပအိုဝ်း အမျိုးသားနေ့ ကို ပအိုဝ်း အမျိုးသား ပွဲတော် အဖြစ်သို့ ပြောင်းလဲ ကျင်းပ စေခဲ့ပါတယ်။

ယခင်က နှစ်စဉ် အင်္ဂလိပ် ဘာသာနဲ့ ဆိုင်းဘုတ်ပေါ်မှာ ရေးထားတဲ့ Pa-Oh National Day ကို ၂ဝဝရ ခုနှစ် ကစပြီး နအဖ အစိုးရက အဲဒီ စာတမ်းကို စတင် ပိတ်ပင်ခဲ့သည်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။