ကနေ့ခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့ အချက်တွေ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူမျိုးစု တချို့ တရုတ် မြန်မာ နှစ်ပြည်လုံးမှာနေကြ

(၁) တရုတ်ပြည်မှာ တရုတ်(ဟန်လူမျိုးကြီး) အပါအဝင် တိုင်းရင်းသား လူမျိုးစုပေါင်း (၅၆)မျိုး ရှိရာမှာ မြန်မာနိုင်ငံနဲ့ ကပ်လျက်သား ယူနန်ပြည်နယ် ထဲမှာချည်း လူမျိုးစုက (၂၆)မျိုး ရှိပါတယ်။

အဲဒီထဲမှာ ရှမ်း(တိုင်)၊ ကချင်(ဂျိန်ဖေါ)၊ တအောန်း(ပလောင်)၊ လီစူး၊ ကိုးကန့်၊ ၀ တို့လို လူမျိုးစုတွေဟာ တရုတ်ပြည် ထဲမှာ ရှိသလို မြန်မာနိုင်ငံ ထဲမှာလည်း ရှိနေတဲ့ လူမျိုးစုတွေ ဖြစ်ပါတယ်။

(၂) တရုတ်ပြည် ထဲက ဘဏ်အချို့မှာ ဝ ၊ ကိုးကန့်၊ မိုင်းလား စတဲ့ နယ်မြေချင်းဆက် ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဘဏ်စာရင်းတွေ ရှိနေပါတယ်။

ပမာဏ ဘယ်လောက် များများ ရှိနေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပါ။

၂၂-၃-၂၀၁၇ တုန်းကတော့ ကိုးကန့်(MNDAA) နဲ့ ပတ်သက်နေတဲ့ ဘဏ်စာရင်း တခုကို တရုတ်ABC ဘဏ်က တရားဝင် ပိတ်သိမ်း လိုက်တဲ့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

အနီးခေတ် တရုတ်-မြန်မာ ဆက်ဆံရေး ၁

'တရုတ်-မြန်မာဆက်ဆံရေး' အများမသိတဲ့အချက်

(၃) တရုတ် နဲ့ မြန်မာဟာ နှစ်နိုင်ငံ အကြား နိုင်ငံချင်း ဆက်ဆံရေး သာမဟုတ်၊ ' တရုတ်-အာဆီယ ဆက်ဆံရေး' ဆိုတဲ့ ' ၁+၁ဝ ဆက်ဆံရေး' နယ်၊ 'လန်ချန်း(မဲခေါင်) ၆ နိုင်ငံ အကြား မဟာမဲခေါင် ဒေသတွင်း နိုင်ငံများ အဖွဲ့လို့ ဆိုတဲ့ GMS ( Greater Mekong Subregion ) (၆)နိုင်ငံ ဆက်ဆံရေးနယ် ဆိုတဲ့ အစုအဝန်း အသင်းအဖွဲ့ လိုက် ဆက်ဆံ ရေးနယ်တွေ ထဲမှာပါ ရင်းနှီးတဲ့ ဆက်ဆံရေး တွေ ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ BCIM စီးပွားရေး စင်္ကြံ ထဲမှာလည်း ပါဝင် ပတ်သက်နေပါတယ်။

(၄) ၂၀၁၆ ဒီဇင်ဘာကုန်ထိ အတွင်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ ထားတဲ့ စီမံကိန်းပေါင်း (၂၈၄) ခု ရှိတယ် ဆိုပါတယ်။

အနီးခေတ် တရုတ်- မြန်မာဆက်ဆံရေး ( ၂ )

ဒုတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဘဏ်စာရင်းတွေ တရုတ်မှာရှိ

(၅) တရုတ် နဲ့ မြန်မာဟာ နှစ်နိုင်ငံ နယ်စပ်ဒေသ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ' တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ပွဲ' ဆိုတာကို နှစ်နိုင်ငံ သဘောတူညီချက်အရ ၂ဝဝ၁ ခုနှစ်ကတည်းက နှစ်စဉ်မပျက် ကျင်းပ ခဲ့ပါတယ်။

စတင် ကျင်းပစဉ်က မေလဆန်းထဲမှာ ကျင်းပခဲ့ လေ့ ရှိပေမယ့် ဒီဘက်နှစ် တွေမှာတော့ အောက်တိုဘာလဆန်း (၂)ရက် (၃)ရက်နေ့တွေမှာ ပြောင်းလဲ ကျင်းပခဲ့ပါတယ်။

တရုတ်နိုင်ငံ ဘက်ခြမ်းက အကုန် အကျခံ ကျင်းပတာ ဖြစ်ပြီး နှစ်စဉ် တရုတ် နိုင်ငံဘက်ခြမ်း ' ရွှေလီမြို့' မှာပဲ ကျင်းပလေ့ရှိပါတယ်။

(၆) တရုတ်-မြန်မာ နှစ်နိုင်ငံ ' နယ်စပ်ကုန်စည် ပြပွဲ' ကို နှစ်နိုင်ငံ သဘောတူညီချက် အရ ၂ဝဝ၁ ခုနှစ်ကစပြီး နှစ်စဉ် ကျင်းပပါတယ်။

အနီးခေတ် တရုတ်- မြန်မာ ဆက်ဆံရေး(၃)(၁၉၈၈-၂၀၁၅)

တတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်တွေ

ဒီဇင်ဘာလ ထဲမှာ ကျင်းပလေ့ရှိပြီး နှစ်နိုင်ငံ ကုန်စည်တွေကို ပြသ ခင်းကျင်း ရောင်းဝယ် ကြလေ့ ရှိပါတယ်။ ဒီပွဲကိုတော့ တရုတ်ဘက်ခြမ်း ကျယ်ကောင်မှာ တလှည့်၊ မြန်မာဖက်ခြမ်း မူဆယ်(၁၀၅) မိုင်မှာ တလှည့် အလှည့်ကျ ကျင်းပပါတယ်။

(၇) တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ကုန်စည်ပြပွဲကြီး တွေထဲမှာ မြန်မာနိုင်ငံက နှစ်စဉ် ပါဝင် တက်ရောက်လေ့ ရှိတဲ့ ပွဲကြီး (၂)ခုကတော့ ဇွန်လထဲမှာ ကျင်းပလေ့ရှိတဲ့ ' ခွန်းမင် ကုန်စည်ပြပွဲ' နဲ့ အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာ မှာ ကျင်းပလေ့ရှိတဲ့ ' တရုတ်-အာဆီယံ ကုန်စည်ပြပွဲ' ကြီး တို့ပဲ ဖြစ်ပါတယ်။