လွတ်လပ်ရေး လွန် နှစ် ၇ဝ

ဓာတ်ပုံ မူပိုင် Getty Images
Image caption လန်ဒန်မှာ လွတ်လပ်ရေး အတွက် အရေးဆိုစဉ်က

၁၉၄၈ - လွတ်လပ်ပြီး နှစ်လအကျော် ဗမာပြည်ကွန်မြူနစ်ပါတီ တောခို၊ ပြည်တွင်းစစ်စ၊ ရဲဘော်ဖြူ တောခို ၊ ဝန်ကြီးဟောင်း ဦးတင်ထွတ် ကားဗုံးနဲ့ လုပ်ကြံခံရ

၁၉၄၉ - ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ နဲ့ မွန် ကာကွယ်ရေးအဖွဲ့ ပုန်ကန်မှု စတင်၊ ဗိုလ်ချုပ် နေဝင်း စစ်သေနာပတိချုပ်နဲ့ ဒုဝန်ကြီးချုပ်ဖြစ်၊ ဗိုလ်လက်ျာ နုတ်ထွက်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို အသိအမှတ်ပြု၊ စာပေဗိမာန်ဆု စပေး

၁၉၅ဝ - ကိုရီးယား စစ်မှာ ကျူးကျော်သူ သတ်မှတ်ရေး သဘောကွဲပြီး ဆိုရှယ်လစ်ပါတီက ဆိုရှယ်နီ ခွဲထွက်၊ ပမညတ အတိုက်အခံ တပ်ပေါင်းစု ဖွဲ့ ၊ ကရင် ခေါင်းဆောင် စောဘဦးကြီး တိုက်ပွဲမှာ ကျဆုံး

၁၉၅၂ - ပြည်တော်သာ ညီလာခံ ကျင်းပ၊ ပြည်တော်သာ စီမံကိန်းရေးဆွဲ

Image caption ဆဋ္ဌသင်္ဂါယနာ တင် တံဆိပ်ခေါင်း

၁၉၅၃ - ကူမင်တန် တရုတ်ဖြူ ကျူးကျော်မှု မြန်မာ အစိုးရ ကုလသမဂ္ဂကို တိုင်ကြား ၊ ရုပ်ရှင် အကယ်ဒမီဆု စပေး

၁၉၅၄ - ဆဋ္ဌသင်္ဂါယနာ တင်၊ မြန်မာ ဂျပန် စစ်ပြေငြိမ်းရေး စာချုပ်ချုပ် ၊ ဂျပန် စစ်လျော်ကြေး အစီအစဉ်အရ ဘီလူးချောင်း ရေအား လျှပ်စစ် စီမံကိန်းစ

ဓာတ်ပုံ မူပိုင် Keystone
Image caption အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြ

၁၉၅၅ - မြန်မာ တရုတ် အိန္ဒိယ နဲ့ အာရှ အာဖရိက နိုင်ငံတွေ စုပေါင်းပြီး ဘန်ဒေါင်းမူ ၅ ချက်ကြေညာ

၁၉၅၈ - မန္တလေး တက္ကသိုလ် တည်ထောင်၊ ဖဆပလ နှစ်ခြမ်းကွဲ၊ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့် အစိုးရတက်

၁၉၅၉ - ရှမ်းစော်ဘွားများ အာဏာစွန့်၊ ရန်ကုန် မြို့စွန်ကို ကျူးကျော်တွေ ရွှေ့ပြောင်း၊ မြို့သစ်တွေတည်ပေး

Image caption လန်ဒန်ရောက် နန်းရင်းဝန် သခင်နု

၁၉၆ဝ - ဦးနု ရွေးကောက်ပွဲနိုင်၊ ပထစ အစိုးရတက်

၁၉၆၁ - နိုင်ငံတော်ဘာသာ ပြဋ္ဌာန်း၊ ကေအိုင်အေ ပုန်ကန်မှု စတင်၊ ရွေးကောက်ပွဲ ဘက်လိုက်မှုနဲ့ တပ်မင်းတချို့ ထုတ်ပယ်၊ ဗိုလ်မှူးချုပ် မောင်မောင် အနားပေး၊ ဦးသန့် ကုလသမဂ္ဂ အတွင်းဝန်ချုပ်ဖြစ် ၊ တပ်မတော် စီးပွားရေး အတွက် ဘီအီးဒီစီ ကော်ပိုရေးရှင်း တည်ထောင်

ဓာတ်ပုံ မူပိုင် Keystone
Image caption တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း

၁၉၆၂ - ဖက်ဒရယ် ဆွေးနွေးပွဲအတွင်း တော်လှန်ရေး ကောင်စီ အာဏာသိမ်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြေညာ၊ ဆဲဗင်းဇူလိုင် အရေးအခင်းဖြစ်၊ အမျိုးသား စာပေညီလာခံ ကျင်းပ

၁၉၆၃ - ဗိုလ်မှူးချုပ် အောင်ကြီး နုတ်ထွက်၊ ဗိုလ်မှူးချုပ် တင်ဖေ အုပ်စု အာဏာပိုရလာ၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်

၁၉၆၃ - ၁၉၆၄ ပြည်သူပိုင်သိမ်း၊ ပါတီတွေ ဖျက်သိမ်း၊ ညကပွဲရုံ၊ လောင်းကစားပွဲနဲ့ မြင်းပွဲတွေ ပိတ်၊ သတင်းစာတွေ ပိတ်

၁၉၆၄ - ရာတန်နဲ့ ငါးဆယ်တန် ငွေစက္ကူတွေ တရားမဝင်ကြေညာ၊ သခင်ကိုယ်တော်မှိုင်း ကွယ်လွန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption သံဃာ ဆန္ဒပြ အစည်းအဝေး

၁၉၆၅ - မှော်ဘီ သံဃာ့ အစည်းအဝေး အပြီး မန္တလေး သံဃာ့အရေးခင်းဖြစ်၊ ရာချီ ထိန်းသိမ်းခံရ

၁၉၆၇ - ဆန်ပြဿနာ၊ တရုတ် ဗမာ အရေးအခင်းဖြစ်၊ ဗမာပြည် ကွန်မြူနစ် ပါတီကို တရုတ် အထောက်အပံ့ ပိုပေး

၁၉၆၈ - ၃၃ ဦးပါ ပြည်တွင်း ညီညွတ်ရေး အကြံပေး အဖွဲ့ဖွဲ့ ၊ စာတမ်း သုံးစောင်တင်

၁၉၆၉ - ဦးနု ပါလီမန် ဒီမိုကရေစီ ပါတီ ထိုင်းနယ်စပ်မှာ ပုန်ကန်

၁၉၇ဝ - လက်ဝဲကပ်မောင်းက လက်ယာ ကပ်မောင်း စနစ်ကိုပြောင်း

ဓာတ်ပုံ မူပိုင် Jim Gray
Image caption ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့်

၁၉၇၂ - အတွင်းဝန်စနစ်ဖျက်ပြီး အုပ်ချုပ်ရေး စနစ်သစ်စ၊ ဗိုလ်ချုပ်ကြီး နေဝင်း တပ်က အနားယူ

၁၉၇၃ - ဖွဲ့စည်းပုံ အသစ်အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ

၁၉၇၄ - ဆိုရှယ်လစ် သမ္မတ နိုင်ငံ ထူထောင်၊ ဦးနေဝင်း သမ္မတဖြစ်၊ အလုပ်သမား အရေးအခင်း၊ ဦးသန့် အရေးအခင်းဖြစ်

Image caption ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး

၁၉၇၆ - ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှုနဲ့ ဆက်စပ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ကို ထောင်ချ

၁၉၇၇ - မဆလ ပါတီတွင်း သန့်စင်မှုနဲ့ ကွန်မြူနစ်ဟောင်းများနဲ့ တပ်မှူးဟောင်း တချို့ကို ဖယ်ရှား

၁၉၇၉ - မြန်မာပြည် ဘက်မလိုက် အဖွဲ့ကထွက်

၁၉၈ဝ - ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးအပြီး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ စပေး၊ သံဃာ့မဟာနာယက ဖွဲ့စည်း

၁၉၈၁ - မြန်မာ့ရုပ်သံ စတင်၊ သမ္မတ ဦးစန်းယုတက်

၁၉၈၂ - နိုင်ငံသား ဥပဒေသစ် ပြဋ္ဌာန်း

၁၉၈၃ - အာဇာနည်ကုန်း ဗုံးခွဲခံရ၊ တောင်ကိုရီးယား ဝန်ကြီးအချို့သေဆုံး

၁၉၈၇ - ငွေစက္ကူ ၃ မျိုး တရားမဝင် ကြေညာ၊ ဆန္ဒပြပွဲဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption ၈ လေးလုံး အရေးအခင်း မြင်ကွင်း

၁၉၈၈- ၈ လေးလုံး အရေးအခင်းဖြစ်၊ ဦးနေဝင်းနဲ့ မဆလ အစိုးရတွေ နုတ်ထွက်၊ နဝတ စစ်အစိုးရတက် ၊ NLD နဲ့ ပါတီရာချီ ဖွဲ့ခွင့်ပြု ၊ စျေးကွက် စီးပွားရေး ပြန်စ

၁၉၈၉ - ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ထိန်းသိမ်းခံရ ၊ ကိုးကန့်နဲ့ ဝတပ်တွေနဲ့ အပစ်ရပ်စဲ၊ ဗမာပြည် ကွန်မြူနစ် ပါတီ ပြိုကွဲ၊ ဘားမားက မြန်မာ အမည်ပြောင်း၊ နိုင်ငံတော် သီချင်းပါ ဗမာပြည်ကို မြန်မာပြည် သတ်မှတ်

ဓာတ်ပုံ မူပိုင် HLA HLA HTAY
Image caption အနှစ် ၅ဝ ကျော် အာဏာရခဲ့တဲ့ မြန်မာ့တပ်မတော်

၁၉၉ဝ - ပါတီစုံ ရွေးကောက်ပွဲမှာ NLD နိုင်၊ အာဏာ လွှဲမပေး

၁၉၉၁ - ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆုရ

ဓာတ်ပုံ မူပိုင် AFP
Image caption ဗိုလ်ချုပ်မှူးကြီး စောမောင်

၁၉၉၂ - ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ကျန်းမာရေး ကြောင့် အနားပေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတက်

ဓာတ်ပုံ မူပိုင် CHRISTOPHE ARCHAMBAULT
Image caption အနှစ် ၂ဝ နီးပါး အာဏာယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

၁၉၉၃ - အမျိုးသား ညီလာခံ စတင် ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေး အသင်းဖွဲ့

၁၉၉၆ - မြန်မာ့ ခရီးသွားနှစ် သတ်မှတ်

Image caption စစ်အစိုးရခေတ် ရန်ကုန် မြင်ကွင်း

၁၉၉၇ - နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ပြောင်းဖွဲ့၊ တိုင်းမှူး အပြောင်းအလဲလုပ်ပြီး နယ်တပ်တွေရဲ့ အာဏာကို ထိန်းချုပ် ၊ မြန်မာပြည် အာဆီယံအဖွဲ့ဝင်ဖြစ်

၂ဝဝ၂ - ဦးနေဝင်း မိသားစုကို အာဏာသိမ်းရန် ကြံစည်မှုနဲ့ ဖမ်းဆီး ထောင်ချ

၂ဝဝ၃ - ဒီပဲရင်း အဓိကရုဏ်း ဖြစ်၊ လမ်းပြ မြေပုံ ၇ ချက်ကြေညာ

ဓာတ်ပုံ မူပိုင် HOANG DINH NAM
Image caption ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်

၂ဝဝ၄ - ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖယ်ရှားခံရ

၂၀၀၆ - အစိုးရ နေပြည်တော် ရွှေ့

ဓာတ်ပုံ မူပိုင် AFP
Image caption ၂ဝဝ၇ သံဃာ့အရေးအခင်း

၂ဝဝ၇ - ကုန်စျေးနှုန်း တက်မှု အကြောင်းပြုပြီး ရွှေဝါရောင် သံဃာ့ အရေးအခင်းဖြစ်

၂ဝဝ၈ - နာဂစ် မုန်တိုင်းတိုက်၊ ဆန္ဒခံယူပွဲ ကျင်းပ ၊ ဖွဲ့စည်းပုံ သစ် အတည်ပြု

ဓာတ်ပုံ မူပိုင် HO
Image caption နာဂစ်ကြောင့် လူသိန်းချီ သေဆုံး

၂ဝဝ၉ - ဂျွန် ဝီလျံ ယက်တော ရေကူး ဝင်လာမှု ကြောင့် အကျယ်ချုပ်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ ၊ နေအိမ် အကျယ်ချုပ် လျှော့ပေါ့ပေး

၂ဝ၁၀ - ရွေးကောက်ပွဲ ကျင်းပ၊ NLD သပိတ်မှောက်၊ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် ပြန်လွတ်

ဓာတ်ပုံ မူပိုင် Sean Gallup
Image caption သမ္မတဟောင်း ဦးသိန်းစိန်

၂ဝ၁၁ - ဦးသိန်းစိန် အစိုးရသစ်တက်

၂ဝ၁၂ - ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ဝင် ၊ ရခိုင် လူမျိုးရေး အဓိကရုဏ်းဖြစ်

၂ဝ၁၅ - NLD ရွေးကောက်ပွဲ နိုင်

၂ဝ၁၆ - ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ခန့်

၂ဝ၁၇ - ဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရ၊ ရခိုင်မြောက်ပိုင်း မှာ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေး၊ ပုပ်ရဟန်းမင်းကြီး မြန်မာပြည်လာ

ဓာတ်ပုံ မူပိုင် SOE THAN WIN
Image caption အနှစ် ၂ဝ နီးပါး အကျယ်ချုပ် ဘဝ ဖြတ်သန်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်