မြသန်းတင့်ရဲ့ နိုင်ငံရေး ဘဝ

Image caption မြသန်းတင့် (၁၉၂၉-၁၉၉၈)

စာရေးဆရာကြီး မြသန်းတင့် လှေကားပေါ်က ချော်ကျပြီး ဦးနှောက်ထိခိုက် ကွယ်လွန်ခဲ့တာ ဒီနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ အနှစ် ၂ဝ ပြည့်ခဲ့ပါပြီ။

ဒါပေမဲ့ သူ့ရဲ့ စာပေတွေကို မြန်မာပြည်မှာ ခုထိ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။

သူ့ကို စာရေးဆရာ အဖြစ် လူသိများပေမယ့် သူဟာ နိုင်ငံရေးသမား အဖြစ်လည်း ထင်ရှားပါတယ်။

အညာဒေသက တိတ်ဆိတ်တဲ့ မြိုင်မြို့ကလေးမှာ ကြီးပြင်းလာတဲ့ မောင်မြသန်းဟာ ငယ်စဉ် ကတည်းက စာပေ ဖတ်ရှုတာ ဝါသနာပါပါတယ်။

နဂါးနီ စာအုပ်တွေကို ဖတ်ရင်း သူဟာ နိုင်ငံရေးနယ်ထဲကို ဆယ်ကျော်သက် ဘဝမှာ ဝင်လာခဲ့ပါတယ်။

Image caption ကလေးဘဝ က မြသန်းတင့်

ဂျပန်ခေတ် သူ တော်လှန်ရေးသမား ဘဝ ရောက်တော့ သူ့အသက်က ၁၃- ၁၄ နှစ် သာသာပဲ ရှိပါတယ်။

ဒါပေမဲ့ သူဟာ စည်းရုံးရေး ကောင်းတဲ့ တော်လှန်ရေးသမား တယောက် ဖြစ်လာပြီး ဖက်ဆစ် ဆန့်ကျင်ရေးတွေ လုပ်သလို လယ်သမားတွေကို မြေရှင် စနစ် ဆန့်ကျင်ရေးမှာလည်း ထူးထူးချွန်ခွန် စည်းရုံး ဆောင်ရွက် ခဲ့ပါတယ်။

ဒါကြောင့် သူ့ကို မြင်းခြံနယ်မှာ မြေရှင်တွေက သူ့ခေါင်းဖြတ်နိုင်သူကို ဆုပေးမယ်လို့ ဆုငွေ ထုတ်ခဲ့ပါတယ်။

၁၉၄၇ နောက်ပိုင်းမှာတော့ သူဟာ ကျန်းမာရေးကြောင့် နိုင်ငံရေးက အနားယူပြီး ကျောင်းပြန်တက်ပါတယ်။

ကျောင်းမှာလည်း မာ့က်စ် ဝါဒ လေ့လာတဲ့ တိုးတက် ကျောင်းသား အုပ်စုတွေနဲ့ နိုင်ငံရေး အတူတူ လုပ်ခဲ့ပါတယ်။

လွတ်လပ်ရေး လွန် နှစ် ၇ဝ

လူထုဒေါ်အမာအကြောင်း လူမသိတဲ့ ၅ ချက်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သပြေညို အနှစ် ၈ဝ
ဓာတ်ပုံ မူပိုင် Yar Pyae
Image caption စာပေသစ် မဂ္ဂဇင်း

ဒဂုန်ခင်ခင်လေးရဲ့ နှစ် ၁ဝဝ

စုံထောက်ကြီး တဦး ရာပြည့်

မြန်မာပြည်ရဲ့ အမြုတေ ရတနာ

တက္ကသိုလ် မဂ္ဂဇင်းမှာ စာတည်း လုပ်သလို စာရေးဆရာ ဒဂုန်တာရာ၊ အောင်လင်း၊ မောင်ကြည်လင် တို့နဲ့အတူ စာပေသစ် မဂ္ဂဇင်း ကို ထုတ်ခဲ့ပါတယ်။

ဒါဟာ မြန်မာပြည်မှာ ပထမဆုံး လက်ဝဲစာပေ ကို ကြေညာ တင်ဆက်တဲ့ မဂ္ဂဇင်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့တွေမှာ သူ ပါဝင် လှုပ်ရှားခဲ့ပါတယ်။

၁၉၅၇ မှာ ပြည်သူ့တိုးတက်ရေးပါတီရဲ့ ပေါ်လစ်ဗျူရို လူကြီး ဖြစ်လာပါတယ်။

၁၉၅၈ ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရခေတ်မှာ လက်ဝဲ သမားတွေ ဖမ်းရာမှာ မြသန်းတင့်လည်း ကိုကိုးကျွန်း အပို့ခံရပါတယ်။

Image caption ဆွီဒင်ရောက် မြသန်းတင့်နဲ့ ဒဂုန်တာရာ

ဘီဘီစီ ကြည်အေးနဲ့ ဗြိတိန်

မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာ

စာဆိုတော်နေ့နဲ့ မြန်မာစာပေ

၁၉၆၁ မှာတော့ ဒဂုန်တာရာနဲ့ အတူ ဆွီဒင်မှာ ကျင်းပတဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကောင်စီ အစည်းအဝေး တက်ခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာပဲ ဆိုဗီယက်နဲ့ တရုတ် တို့ ငြိမ်းချမ်းရေး အယူအဆ သဘောကွဲတာ၊ အပြိုင်အဆိုင် စည်းရုံးတာတွေကို သူ့ရဲ့ အရှေ့လေ တိုက်သောအခါ စာအုပ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။

၁၉၆၃ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ချိန်မှာ နောက်တခေါက် ထိန်းသိမ်းခံရပြီး ၁၉၇၂ ကျမှ ပြန်လွတ်ပါတယ်။

ဒီတခါလည်း သူ ကိုကိုးကျွန်း အပို့ခံရပါတယ်။

Image caption ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်

ဆဲဗင်းဇူလိုင် သိမှတ်ဖွယ်ရာများ

လူထု ပျောက်ကွယ် နှစ် ၅ဝ

၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု ၂၉ နှစ်ပြည့်

ကျွန်းပေါ်က ရတဲ့ အတွေ့အကြုံတွေကို မူတည်ပြီး ရေးတဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဝတ္ထုဟာ သူ့ရဲ့ အထင်ရှားဆုံး လက်ရာ ဖြစ်လာပါတယ်။

ဒီဝတ္ထု ဇာတ်လိုက် သံချောင်းဟာ သူနဲ့ ကျွန်းပေါ်မှာ အတူနေခဲ့တဲ့ ဖိုးသံချောင်းရဲ့ နာမည် ဖြစ်သလို ကိုကိုးကျွန်းက ထွက်ပြေးတဲ့ ကရင် တော်လှန်ရေး သမားတွေရဲ့ ဇာတ်လမ်းဟာလည်း သူ့ဝတ္ထုရဲ့ သန္ဓေတည်ရာ ဖြစ်ပါတယ်။

ကျွန်းက လွတ်မြောက်လာပြီးနောက် မြသန်းတင့်ဟာ နိုင်ငံရေးမှာ ပါဝင် ပတ်သက်မှု မရှိတော့ပါဘူး။

ဒါပေမဲ့လည်း လူငယ် တွေထဲမှာ သူ့စာတွေကို ဖတ်ရှုပြီး မြန်မာပြည် နိုင်ငံရေး စာပေနဲ့ လူမှုရေးတွေကို လေ့လာသူတွေ ပေါ်ထွက်လာပါတယ်။

ဓာတ်ပုံ မူပိုင် မြသန်းတင့်ချစ်သူများ
Image caption ဗိုလ်ချုပ် ခင်ညွန့်ဆီက စာပေဆု ယူနေတဲ့ မြသန်းတင့်

မြသန်းတင့်ဟာ စာပေ စိစစ်ရေး တင်းကျပ်တဲ့ ခေတ်တွေမှာ အန္တရာယ်ကင်း ဘေးရှင်း ဆိုတဲ့ ဘာသာပြန်တွေကို တောက်လျှောက် ရေးသားထုတ်ဝေ လာခဲ့လို့ သူ့ရဲ့ ပင်ကိုရေး လက်ရာတွေ မြန်မာပြည်ကမရလိုက်ဘူးလို့ ပြောစမှတ် ရှိပါတယ်။

သူ့ရဲ့ လေ့လာမှုအားနဲ့ နိုင်ငံရေး အသိစိတ်မျိုး ရှိတဲ့ လူငယ် မျိုးဆက်တွေ ထွက်ပေါ်လာရင်တော့ သူ့လို ဖန်တီးမှု ကောင်းတဲ့ စာပေတွေ ပြန်ပေါ်လာနိုင်စရာ ရှိပါတယ်။

မြသန်းတင့်ရဲ့ အညတြ ရုပ်ပုံလွှာများနဲ့ ခေတ်ပြိုင် ရုပ်ပုံလွှာများ စာအုပ်တွေဟာ ဆင်းရဲ ကျပ်တည်းမှု တွေ အောက်မှာ ဘဝကို ရင်ဆိုင် ဖြတ်သန်းနေတဲ့ မြန်မာ ပြည်သူတွေရဲ့ ပုံရိပ်ကို ဖော်ညွှန်းတာမို့ အင်္ဂလိပ်လို ပြန်ဆို ထုတ်ဝေခဲ့ပါတယ်။