မြန်မာနဲ့ ရုပ်ရှင်

ဓာတ်ပုံ မူပိုင် Ludu
Image caption ဟိုတုန်းက ရုပ်ရှင် ကြော်ငြာ

တချိန်က အရုပ်ပြပွဲ၊ ဘိုင်စကုပ်၊ ဓာတ်ရှင်၊ စီနီမာ စသဖြင့် သုံးနှုန်း ခဲ့ကြတဲ့ ရုပ်ရှင် လုပ်ငန်းဟာ မြန်မာ နိုင်ငံမှာ ထွန်းကားလာတာ အနှစ် တရာ နီးပါပြီ။

အနောက်တိုင်း ရုပ်ရှင်တွေကို ကြိုက်တဲ့ မြန်မာတွေဟာ ကိုယ်ပိုင် ရုပ်ရှင် လုပ်ငန်းကို ငွေအရင်း အတတ်ပညာ ကျွမ်းကျင်မှု အခက်အခဲတွေကြားက ၁၉၂ဝ မှာ ထူထောင် ခဲ့ကြပါတယ်။

အင်္ဂလန်သွား နိုင်ငံရေး ခေါင်းဆောင်ကြီး ဦးထွန်းရှိန် စျာပန သတင်းကားကနေ ဇာတ်လမ်းရုပ်ရှင်တွေ ရိုက်ကူးတာတွေ စလာခဲ့တာပါ။

ဓာတ်ပုံ မူပိုင် ဇာတ်လမ်း ဇာတ်ညွှန်းရောင်းဝယ်ရာ
Image caption ပထမဆုံး ရုပ်ရှင် မေတ္တာနဲ့ သူရာ ကြော်ငြာ

ပေါ်ခါစခေတ်က ရုပ်ရှင်နဲ့ လူတွေ စိမ်းသေးလို့ မင်းသမီး ဖြစ်လာမယ့် ခင်ခင်ဥဟာ သူ့ကို ရုပ်ရှင်ရိုက်ဖို့ လာခေါ်တာကို ရုပ်ရှင်ရိုက်တယ် ဆိုတာ သီချင်းဆိုတာလားလို့ မေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ ရုပ်ရှင်လုပ်ငန်း ဟာ မြန်မာပြည်မှာ ဆယ်နှစ် အတွင်း ကောင်းကောင်း အခြေခိုင်ပြီး ရုပ်ရှင်ကားတွေ ပြည်ပ တင်ပို့ပြသနိုင်တဲ့ အဆင့် ရောက်လာခဲ့ပါတယ်။

ရတနာပုံနဲ့ မှိုင်းဝေဝေ စတဲ့ ရက်ရှည် ပြရတဲ့ ဇာတ်ကားကြီးတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

မန္တလေးနဲ့ တခြားမြို့တွေမှာလည်း ရုပ်ရှင်ကုမ္ပဏီတွေ တည်ထောင် ရိုက်ကူးကြပါတယ်။

မြန်မာ မျက်နှာကြီးပိုင်းက ရုပ်ရှင်ကို အားပေးရာမှာ ဒီးဒုတ် ဦးဘချို၊ ဦးနု၊ နန်းရင်းဝန် ဦးပုရဲ့သား ဘဆွေ၊ ဝန်ကြီးချုပ် အမရပူရ ဦးဘသီကတော် မွန်စီ ခေါ် မမလေး စတဲ့ ပုဂ္ဂိုလ်တွေပါ ဝင်ရောက် ရိုက်ကူးခဲ့ပါတယ်။

ရုပ်ရှင်ကို အမှီပြုပြီး ဒဂုန်နဲ့ တခြား ရုပ်ရှင် ကြော်ငြာ မဂ္ဂဇင်းတွေလည်း ထွန်းကားလာပါတယ်။

၁၉၃ဝ ကျော်မှာပဲ အသံထွက် ဇာတ်ကားတွေ စတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption နာမည်ကျော် သရုပ်ဆောင် ကာတွန်းဆရာ ရွှေရိုးဘကလေး

အစောပိုင်း ရုပ်ရှင်အများစုဟာ စစ်ဒဏ်ကြောင့် ပျောက်ပျက်ကုန်ပြီး အစောဆုံး လက်ကျန်ကားအဖြစ် ၁၉၃၅ ဝန်းကျင်က ရိုက်တဲ့ မြဂနိုင် နဲ့ ဂျပန်မှာ ရိုက်ကူးတဲ့ ဂျပန့် ရင်သွေး ဇာတ်ကားတွေပဲ ကျန်ရစ်ပါတယ်။

စစ်မဖြစ်ခင်က ရိုက်တဲ့ကားတွေထဲမှာ အအောင်မြင်ဆုံးက အမေရိကန် လူဆိုးကား ပုံစံ ရိုက်တဲ့ ဗိုလ်အောင်ဒင် ဖြစ်ပြီး စစ်ပြီးခေတ်အထိ အကြိမ်ကြိမ် ပြသခဲ့ရပါတယ်။

အေဝမ်းနဲ့ ဗြိတိသျှ ဘားမားက ရိုက်တဲ့ အချစ် နဲ့ ဂီတ အသံထွက် ဇာတ်ကားတွေကိုလည်း ရုပ်သံတွေကနေ ခုထိ ပြနေဆဲ ဖြစ်ပါတယ်။

ချစ်ရေစင်ချစ်အမျှသူဇာဣတ္ထိယ စတဲ့ ဇာတ်ကားတွေက တင်မောင်၊ မေရှင်၊ ခင်မောင်ရင်နဲ့ ခင်ခင်ရီ ၊ မေမေဝင်း စတဲ့ ဇာတ်လိုက်တွေ ဟာ ငွေရတုခေတ်ရဲ့ နာမည်ကျော်တွေ ဖြစ်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒေါ်မေရှင်ကို ဘယ်သူတွေ ချစ်ခဲ့သလဲ

စစ်အတွင်းမှာတော့ ရုပ်ရှင် မရိုက်နိုင်လို့ ဇာတ်လိုက် မင်းသား မင်းသမီးတွေ ပြဇာတ်က ရပါတယ်။

ဓာတ်ပုံ မူပိုင် Kyaw Maung Maung Htut
Image caption အပိတ်ခံရတဲ့ နတ်ကားတွေ

ပြဇာတ်ခေတ်ဟာ စစ်ပြီးခေတ်ထိ ဆက်ရှိနေပြီး ၁၉၅ဝ ကျော်မှာ ရုပ်ရှင်ဖလင်တွေ ပြန်ရလာတဲ့ အခါမှ ပျောက်ကွယ်သွားပါတယ်။

လွတ်လပ်ရေး ရပြီးနောက် အစိုးရက ရုပ်ရှင်ထူးချွန်ဆုတွေ ပေးလာသလို ရုပ်ရှင်ပညာသင်ဖို့ ဗြိတိန်နဲ့ အမေရိကန်ကို မြန်မာ ကျောင်းသူ ကျောင်းသားတွေ စေလွှတ်ပါတယ်။

ရုပ်ရှင် မြှင့်တင်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

မန္တလေးရုပ်ရှင်ရဲ့ ပထမဆုံးကား ဘဝသံသရာ ဟာ ရှမ်းပြည်ထိ အောက်ဒိုး ထွက်ရိုက်တဲ့ မြန်မာကား ဖြစ်သလို စာရေးဆရာ သာဓုရဲ့ ကကြီးရေက ဇာတ်ကားဟာလည်း ဇာတ်ဟန်မပါတဲ့ လူလို စကားပြောခန်း၊ ထိမိတဲ့ တင်ဆက်ပုံတွေကြောင့် ပထမဆုံး အကယ်ဒမီ ၄ ဆုရ ဇာတ်ကား ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption ဟောလီးဝုဒ်ရောက် ဝင်းမင်းသန်းနဲ့ မင်းသား ဝီလျံဟိုးလ်ဒင်း

မြန်မာပြည်ကနေ ဟောလီးဝုဒ်ထိ သွားရိုက်တဲ့ ကားတွေက ဦးနုရဲ့ လူထုအောင်သံ နဲ့ ဝင်းမင်းသန်းနဲ့ ဂရီဂရီပက်တို့ ရိုက်တဲ့ ခရမ်းရောင်လွင်ပြင် ကားတွေပါ။

ဂျပန်နဲ့တွဲပြီး ဗမာ့စောင်း ကားကိုလည်း ရိုက်ပါတယ်။

စစ်ပြီးခေတ်မှာ ဟောလီးဝုဒ်နဲ့ ဘောလီးဝုဒ် ရုပ်ရှင်တွေ အပြင် ဆိုဗီယက် နဲ့ တရုတ် စတဲ့ ရုပ်ရှင်တွေရဲ့ အရိပ်အငွေ့တွေ မြန်မာပြည်ကို ရိုက်ခတ် လာပါတယ်။

ပထမဆုံး ရုပ်ရှင်ဆုရတဲ့ ကားတချို့ဟာ အမေရိကန်နဲ့ အိန္ဒိယ ရုပ်ရှင် အမှီးကားတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Kyi Kyi Htay
Image caption ရုပ်ရှင် ပြဇာတ် ဘုရင်မ ကြည်ကြည်ဌေး

အိန္ဒိယ၊ အမေရိကန်က လှိုင်းသစ် ရုပ်ရှင်သမားတွေရဲ့ သြဇာအပြင် ဆိုဗီယက် နည်းပညာတွေ သုံးပြီး မြတ်လေးရဲ့ ဆိုရှယ်လစ် သရုပ်မှန် ကားတွေ ထွက်လာသလို ခင်မောင်ရင်ရဲ့ မော်ဒန် ရုပ်ရှင် နှမလက်လျှော့နေလေတော့ လည်း ပေါ်ထွက်ခဲ့ပါတယ်။

ကြည်ကြည်ဌေး၊ မြင့်မြင့်ခင်၊ ထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနု၊ ဝါဝါဝင်းရွှေ၊ တွံတေးသိန်းတန် စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေဟာ ရွှေရတုခေတ်ရဲ့ သင်္ကေတ လက္ခဏာတွေ ဖြစ်ကြပါတယ်။

အကယ်ဒမီများရှင် မင်းသမီးကြီး ခင်ယုမေ ကွယ်လွန်

ဓာတ်ပုံ မူပိုင် Win Oo
Image caption ရွှေရတုခေတ်ရဲ့ ကြယ်တပွင့် ဝင်းဦး

တော်လှန်ရေး ကောင်စီခေတ်မှာ ရုပ်ရှင် ဆင်ဆာ ပိုတင်းကျပ်လာပြီး နတ်သမိုင်းနဲ့ လမ်းသရဲ ဇာတ်ကားတွေကို ပိတ်ပင်ပါတယ်။

မြန်မာ့ရိုးရာနဲ့ မညီတဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဓလေ့တွေကို ဖော်ပြမှုကိုလည်း ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဂျိမ်းစဘွန်းနဲ့ ဟစ်ပီယဉ်ကျေးမှု ဂယက်ဟာ မြန်မာရုပ်ရှင်မှာ လာပြီး ထင်ဟပ်ခဲ့ပါတယ်။

ရုပ်ရှင်ဖလင် ဝယ်ယူခွင့်လည်း အင်မတန် ခက်ခဲလာပြီး ဆေးရောင်စုံနဲ့ မြင်ကွင်းကျယ် အထိ တက်လှမ်းဖို့ ပြင်နေတဲ့ ရုပ်ရှင်လောကကို တုံ့နှေးသွားစေပါတယ်။

ဝင်းဖေလွယ်အိတ် (မြန်မာ့ရုပ်ရှင် ဘာကြောင့်ညံ့)

ဓာတ်ပုံ မူပိုင် မြန်မာရုပ်ရှင်ဇာတ်ကားအဟောင်း နှစ်သက်သူများ
Image caption စစ်ဝါဒဖြန့် ရုပ်ရှင်တွေလည်း ပေါ်ထွက်ခဲ့

အရင်က တနှစ်ကို ကားရာဂဏန်းထိ ထွက်ခဲ့တဲ့ မြန်မာ ရုပ်ရှင်ဟာ လမ်းစဉ်ပါတီခေတ်နောက်ပိုင်းမှာ ဆယ်ဂဏန်း ဝန်းကျင် ဖြစ်လာပါတယ်။

ဒီအထဲမှာပဲ ဒါရိုက်တာ သုခ၊ မောင်တင်ဦး စသူတွေရဲ့ လက်ရာမြောက် ကားတွေ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတကာ ပွဲတော်တွေကို သွားပြနိုင်ခဲ့ပါတယ်။

မောင်တင်ဦးရဲ့ သင်္ကြန်မိုး နဲ့ ဦးသုခရဲ့ စကားပြောသောအသည်းနှလုံး ဇာတ်ကားတွေဟာ ခုထိ ပြောစမှတ် ဖြစ်ကျန်တဲ့ ရုပ်ရှင်တွေ ဖြစ်ကြပြီး ရိုးရာ ပွဲလမ်းသဘင်၊ မိသားစုဆက်ဆံရေး စတာတွေကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့တာပါ။

ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်

"ခြေဖဝါးတော်နုနု"ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပြသ

ဓာတ်ပုံ မူပိုင် မြန်မာရုပ်ရှင်ဇာတ်ကားအဟောင်း နှစ်သက်သူများ
Image caption ရန်အောင်နဲ့ မို့မို့မြင့်အောင်

ကျော်ဟိန်း၊ ဇော်ဝမ်း၊ ခင်သီတာထွန်း ၊ မို့မို့မြင့်အောင်၊ ကျော်သူ ၊ စိုးသူ၊ မေသန်းနု ၊ ရန်အောင်၊ ဒွေး စသူတွေဟာ စိန်ရတု မြန်မာရုပ်ရှင်ရဲ့ သရုပ်ဆောင်ကျော်တွေ ဖြစ်ကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဘယ်ပန်းချီရေးလို့ မမီ မင်းသားကြီး ကွယ်လွန်ရှာပြီ

၁၉၈၈ အရေးအခင်းအပြီး ဖလင်အခက်အခဲကြောင့် ဗီဒီယို တခေတ် ပေါ်ထွန်းလာသလို အခြေခိုင်လာတဲ့ ရုပ်သံကြောင့်လည်း ရုပ်ရှင်သြဇာ ကျဆင်းမှု စလာပါတယ်။

နိုင်ငံရေး လှုပ်ရှားမှုမှာ ပါလို့ ထွန်းဝေ၊ အေးအေးသင်း စတဲ့ သရုပ်ဆောင်တွေ ပိတ်ပင်ခံခဲ့ရပါတယ်။

ရုပ်ရှင် သရုပ်ဆောင် ၄ ဦး လူမှုရေး လုပ်ခွင့် ပိတ်ပင်ခံရ

သီပေါ စော်ဘွား ရုပ်ရှင် ရန်ကုန်မှာ ပိတ်

ဝင်းဖေလွယ်အိတ် (ရုပ်ရှင်)

ဓာတ်ပုံ မူပိုင် Chris Cory
Image caption ရန်ကုန်ကို ကျော်၍

အရင်က မြန်မာပြည်နောက်ခံ စစ်ကားတွေသာ ရှိခဲ့ပေမယ့် ပြည်ပမှာ မြန်မာနိုင်ငံရေး အကြောင်း ရိုက်တဲ့ ရန်ကုန်ကို ကျော်၍ လို ကားတွေလည်း ထွက်လာပါတယ်။

ခရစ်နှစ် ၂ဝဝဝ နောက်ပိုင်း မှာတော့ ရုပ်ရှင် လောက မှာ မျက်နှာသစ်တွေ တိုးလာသလို မြန်မာနိုင်ငံရေး အပြောင်းအလဲတွေကြောင့် ဆင်ဆာ ထိန်းချုပ်မှု လျော့နည်းလာပါတယ်။

ကိုရီးယားနဲ့ ထိုင်းစတဲ့ ဒေသတွင်း နိုင်ငံတွေက ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုလည်း ရှိလာပါတယ်။

မြန်မာ ရုပ်ရှင် ဆင်ဆာ တချို့ လျှော့ပေး

ဒေါ်စုအကြောင်း ရိုက်တဲ့ The Lady ရုပ်ရှင်

ကိုဇာဂနာနဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗိုလ်ချုပ်အောင်ဆန်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကိုကျော်ကျော်မျိုး

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်လို အစိုးရက စီမံတဲ့ ရုပ်ရှင်ကားမျိုး ရှိလာသလို နိုင်ငံခြားနဲ့ ဖက်စပ် ရိုက်ကူးတာတွေလည်း ရှိလာပါတယ်။

တချို့ မြန်မာ သရုပ်ဆောင်တွေ ပြည်ပရုပ်ရှင်တွေမှာ ပါဝင်လာပါတယ်။

ဒါပေမဲ့ မြန်မာရုပ်ရှင်ဟာ ရာပြည့်အချိန်မှာ အရင်ခေတ်ကောင်းစဉ်ကလို သရုပ်ဆောင်နဲ့ ရိုက်ကူးမှု အားကောင်းတဲ့ ခေတ်မျိုး ပြန်ဖြစ်လာနိုင်မလား ပူပန်သူတွေကလည်း အများအပြား ရှိပါတယ်။

'ကျွန်တော်က လောဘကြီးတယ်'- ထွန်းထွန်း

ဆက်စပ် အကြောင်းအရာများ