အနှစ် ၃ဝ က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

ဓာတ်ပုံ မူပိုင် Ko Ye
Image caption မဆလ ပါတီနဲ့ ကျောင်းသားတွေကြား သဘောကွဲ

မြန်မာနိုင်ငံမှာ တပ်မတော် က ဦးဆောင်ပြီး နိုင်ငံရေးပါတီကြီးတရပ် ထူထောင် အုပ်စိုးခဲ့တာ နှစ်ကြိမ် ရှိခဲ့ပါပြီ။

ပထမအကြိမ် က ၁၉၆၂ ကပါ။

အဲဒီအကြိမ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်မှုနဲ့ တော်လှန်ရေး ကောင်စီဖွဲ့ပြီး အာဏာသိမ်းကာ လမ်းစဉ်ပါတီ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေါင်းဆောင်တွေက ၂၆ နှစ် အုပ်ချုပ်ပြီး ၁၉၈၈ မှာ နောက်ထပ် အာဏာသိမ်းမှု ကြုံရပြီး ပါတီနဲ့ အစိုးရ နိဂုံးချုပ်သွားပါတယ်။

တကယ်က မဆလ လို့ အတိုကောက် ခေါ်ကြတဲ့ လမ်းစဉ်ပါတီဟာ မြန်မာပြည် ဆိုရှယ်လစ်ပါတီ လို့ လူသိများတဲ့ ပြည်သူ့အရေးတော်ပုံ ပါတီ ခေါင်းဆောင်တွေနဲ့ ဆက်စပ်မှု ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အရည်အချင်းများ

အဲဒီ ဆိုရှယ်လစ်ပါတီမှာ စစ်ပြီးစက ဥက္ကဋ္ဌ ခေတ္တလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းကပဲ လမ်းစဉ်ပါတီကို ထူထောင်တာပါ။

ဆိုရှယ်လစ်နဲ့ ဗကပလို့ ခေါ်ကြတဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ၊ အလံနီ ကွန်မြူနစ် ပါတီတွေဟာ တို့ဗမာ အစည်းအရုံးဝင် သခင်တွေက စတင်တည်ထောင်ခဲ့ကြတဲ့ ပါတီတွေ ဖြစ်ကြပါတယ်။

မြန်မာပြည်နဲ့ လက်ဝဲနှစ်တရာ

ဓာတ်ပုံ မူပိုင် New Vision Knowledge Bank
Image caption ဆိုရှယ်လစ် ခေါင်းဆောင်ကြီး ဦးဗဆွေ

ဆိုရှယ်လစ်ပါတီကို သခင်မြ မရှိတဲ့နောက် ဦးကိုကိုကြီး၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စတဲ့ ခေါင်းဆောင်တွေ ဦးဆောင်ခဲ့သလို ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်မှူးချုပ် အောင်ကြီး၊ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်မှူးချုပ် မောင်မောင် စတဲ့ တပ်မတော် ခေါင်းဆောင်တွေကလည်း ပါဝင် ခဲ့ကြပါတယ်။

ကွန်မြူနစ် တောခိုမှု နောက်ပိုင်း တပ်မတော်နဲ့ ဆိုရှယ်လစ် ခေါင်းဆောင်ပိုင်းဟာ ဖဆပလ အစိုးရမှာ ပူးပေါင်း ကြီးစိုးခဲ့ကြပါတယ်။

ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် တပ်နဲ့ နီးစပ်တဲ့ တည်မြဲခေါင်းဆောင်ပိုင်း အာဏာလက်လွတ်ခဲ့ပါတယ်။

တည်မြဲတွေဟာ ဆိုရှယ်လစ် ခေါင်းဆောင်တွေလည်း ဖြစ်ကြပြီး သူတို့နဲ့ နီးစပ်တဲ့ တပ်ခေါင်းဆောင်တချို့က အိမ်စောင့်အစိုးရ အမည်နဲ့ ၁၉၅၈ မှာ အာဏာသိမ်းခဲ့ပါတယ်။

ဗိုလ်မှူးချုပ်အောင်ရွှေ (၁၉၁၈-၂ဝ၁၇)

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption မြဝတီ မဂ္ဂဇင်းကနေ စည်းရုံး လှုံ့ဆော်ခဲ့

ဒီအချိန်မှာပဲ တပ်မတော်မှာ ၁၉၅ဝ ကျော် ကတည်းက တည်ထောင်ထားတဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဌာန က ပြုစုတဲ့ နာမရူပဝါဒကို တပ်မတော်ရဲ့ နိုင်ငံတော် ဝါဒအဖြစ် ၁၉၅၈ မိတ္ထီလာ မှာ ကျင်းပတဲ့ တပ်မှူးများ ညီလာခံမှာ အတည်ပြုခဲ့ပါတယ်။

အညမည ဦးချစ်လှိုင် ကွယ်လွန်

ဒီဝါဒဟာ ကွန်မြူနစ် ကြီးစိုးမှုကို တိုက်ဖျက်ဖို့ ကွန်မြူနစ်ဟောင်း တချို့နဲ့ ဗိုလ်မှူးကြီး ဘသန်း စတဲ့ တပ်မှူးတွေ ပူးပေါင်း ရေးသားတဲ့ ဝါဒဖြစ်ပါတယ်။

တပ်ကထုတ်တဲ့ မြဝတီ မဂ္ဂဇင်းမှာ ကွန်မြူနစ် ဆန့်ကျင်ရေး ဆောင်းပါးတွေနဲ့ အတူ ဒီဝါဒဆောင်းပါးတွေကို ကိုကိုမောင် ခေါ် ဦးချစ်လှိုင်က ရေးသား ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Myawaddy
Image caption ကိုကိုမောင်ရဲ့ ပါရီအတွေ့အကြုံဆောင်းပါး လူကြိုက်များ

သူ့ကို ပြင်သစ်မှာ လွှတ်သင်ကြားဖို့ ဆိုရှယ်လစ် ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ပေမယ့် တပ်မတော်က နောက်ပိုင်း ခေါ်ယူခန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာနဲ့ မဆန့်ကျင်အောင် တောင်တွင်းကြီး ဆရာတော် ရှင်ဥက္ကဋ္ဌဆီကိုလည်း တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေး အရာရှိတွေ စေလွှတ် သင်ယူစေခဲ့ပါတယ်။

ရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က မာ့က်စ်ဝါဒကို မဟာသမဂ္ဂဝါဒအဖြစ် ပြန်ဆိုပြုစုခဲ့ပါတယ်။

၁၉၆ဝ ရွေးကောက်ပွဲမှာ တည်မြဲရှုံးပြီး ဦးနု ပြန်တက်လာပါတယ်။

လွတ်လပ်ရေး လွန် နှစ် ၇ဝ

မကြာခင်မှာ တပ်မတော် အရာရှိကြီးတချို့ကို ရွေးကောက်ပွဲ ဘက်လိုက်မှုနဲ့ အနားယူစေပါတယ်။

ဒီအချိန်မှာပဲ ဆိုရှယ်လစ် ဥက္ကဋ္ဌဟောင်း ဦးကိုကိုကြီးဆီကို သူ့သူငယ်ချင်း ဗိုလ်မှူးချုပ်တင်ဖေကတဆင့် တပ်အရာရှိတွေ စေလွှတ်သင်ကြားစေတယ်လို့ ဆိုပါတယ်။

နော်လူဝီဇာဘင်ဆင် သို့မဟုတ် မယ်ဗမာ

အဲဒီအချိန်က စီအိုင်အေ အမေရိကန် ထောက်လှမ်းရေး မှတ်တမ်းတွေအရ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အရပ်သား အစိုးရကို သည်းခံနိုင်စွမ်း နည်းနည်းသာ ကျန်တော့ပြီး အာဏာသိမ်းဖို့ ပြင်နေပြီလို့ ဆိုပါတယ်။

တပ်က စစ်ဗိုလ်ကြီးတွေ ယူနီဖောင်းတွေ ပြင်နေပြီဆိုပြီး တပ်က အာဏာသိမ်းမယ့် သတင်းတွေလည်း ရန်ကုန် နိုင်ငံရေး လောကမှာ ပြောနေကြတယ်လို့ ဒီအချိန်က ဝန်ကြီး ကျိုက်မရော ဦးသွင်က မှတ်တမ်းတင် ခဲ့ပါတယ်။

လူထု ပျောက်ကွယ် နှစ် ၅ဝ

ဓာတ်ပုံ မူပိုင် Ye Hein Aung
Image caption ၁၉၆၂ မှာ အာဏာသိမ်း

၁၉၆၂ ဖေဖော်ဝါရီမှာ ဖက်ဒရယ် အရေး ကိစ္စတွေ ဆွေးနွေးလာကြပြီး မတ်လ ၂ ရက် ရန်ကုန်မှာ အစည်းအဝေး လုပ်နေတုန်း အာဏာသိမ်းပါတယ်။

ဗိုလ်မှူးကြီး ချစ်မြိုင် ကွယ်လွန်

သိမ်းခါစမှာ ပမညတနဲ့ ဆိုဗီယက်နဲ့ နီးစပ်တဲ့ မြေပေါ် လက်ဝဲအင်အားစုတွေက ထောက်ခံပါတယ်။

သခင်တင်မြ ကွယ်လွန်

Image caption တပ်မတော်က ထူထောင်တဲ့ လမ်းစဉ်ပါတီ ခေါင်းဆောင်များ

တပ်မတော်ကို ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးမှာ ကူညီကြဖို့ တခြားခေါင်းဆောင်တွေကိုပါ ခေါ်ပြောခဲ့ပေမယ့် နောက်ဆုံးမှာ တပ်က ခေါင်းဆောင်ပြီး ဆိုရှယ်လစ်ပါတီသစ် ထူထောင်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စန်းယု၊ တင်ဖေနဲ့ ဗိုလ်မှူးကြီး ကျော်စိုး စတဲ့ အငယ်ပိုင်း ဆိုရှယ်လစ်တပ် ခေါင်းဆောင်တွေက ဒီပါတီရဲ့ ခေါင်းဆောင်တွေ ဖြစ်လာပါတယ်။

ဒါပေမဲ့ ကွန်မြူနစ် လိုလားတဲ့ ကျောင်းသား ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆဲဗင်းဇူလိုင် အရေးအခင်း ဖြစ်ခဲ့ပါတယ်။

ဆဲဗင်းဇူလိုင် သိမှတ်ဖွယ်ရာများ

မြန်မာပြည်ရဲ့ အမြုတေ ရတနာ

ဓာတ်ပုံ မူပိုင် Lin San Tyna
Image caption နိုင်ငံအနှံ့ ပြည်သူပိုင်သိမ်းခဲ့

လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား စာအုပ်ဟာ လမ်းစဉ်ပါတီရဲ့ မူဝါဒဖြစ်လာပြီး နိုင်ငံကို တပါတီ စနစ်ကို ၁၉၆၄ မှာ ကူးပြောင်းခဲ့ပါတယ်။

ပြည်သူပိုင်သိမ်းတာနဲ့ တခြား အသင်းအဖွဲ့ လှုပ်ရှားမှုတွေ ဖျက်တာလည်း လုပ်ခဲ့ပါတယ်။

တပ်ခေါင်းဆောင်တွေက နိုင်ငံကို ကြီးစိုး အုပ်ချုပ်တာတွေ ရှိလာပြီး စီးပွားရေး ကျဆင်းမှုတွေနဲ့ တခြား မကျေနပ်မှုတွေကြောင့် အရေးအခင်းတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။

တရုတ်ယဉ်ကျေးမှုတော်လှန်ရေး နှစ် ၅ဝ ပြည့်

ဒုတိယခေတ် တရုတ်-မြန်မာ ဆက်ဆံရေး အများမသိတဲ့အချက်

အောလစ်ဖ် ယန်း ကွယ်လွန်

ဓာတ်ပုံ မူပိုင် AFP
Image caption မကျေနပ်မှုတွေ ပေါက်ကွဲထွက်ခဲ့

၁၉၈၈ အရေးအခင်းမှာတော့ ဦးနေဝင်းနဲ့ ခေါင်းဆောင်တွေ နုတ်ထွက်ပေးပေမယ့် ကြားဖြတ် အစိုးရ တောင်းဆိုမှုတွေကြောင့် ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ နောက်ဆုံးမှာ စစ်တပ်က ထပ်အာဏာသိမ်းခဲ့ပါတယ်။

မဆလ ခေါင်းဆောင်ဟောင်း တချို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပြန်ပါလာသလို တစည အမည်နဲ့လည်း ပါတီသစ် ထူထောင်ခဲ့ပါတယ်။

၁၉၈၈ တတိယ စစ်အာဏာသိမ်းမှု ၂၉ နှစ်ပြည့်

ဦးနေဝင်း က သူသာ တရားသိခဲ့ရင် ၁၉၆၂ က အာဏာသိမ်းတာမျိုး လုပ်ခဲ့မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြောင်း ကိုကိုမောင် ခေါ် ဦးချစ်လှိုင်က မှတ်တမ်းတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ နိုင်ငံရေး ပါဝင်မှုမှာ လမ်းစဉ်ပါတီက ထင်ရှားတဲ့ မှတ်တိုင်ကြီး အဖြစ် ကျန်ရစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ဦးနေဝင်း မြေး လည်းလွတ်

ဓာတ်ပုံ မူပိုင် Wiki
Image caption မဆလ နောက်ဆုံးသမ္မတ ဒေါက်တာမောင်မောင်

ဆက်စပ် အကြောင်းအရာများ