ဂီတမြေနဲ့ မန်းသင်္ကြန်အတာတေးများ

Image caption ဟိုတုန်းက မန်းသင်္ကြန်

မန္တလေးကို သင်္ကြန်မြို့တော်လို့ သိကြပါတယ်။

နာမည်ကျော် သင်္ကြန်မိုး ဇာတ်ကားကြောင့်လည်း မန္တလေး သင်္ကြန်ဟာ ကနေ့ထက်ထိ လူအများ စိတ်ဝင်စားတဲ့ သင်္ကြန်ပွဲတော် တခု အဖြစ် ရှိနေပါတယ်။

ဒီသင်္ကြန်ရဲ့ အဓိက သင်္ကေတကတော့ သီချင်းနဲ့ အကတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ludu
Image caption သင်္ကြန်သီချင်းတွေ အများအပြား စပ်ဆိုသွားတဲ့ မြို့မငြိမ်း

သင်္ကြန်သီချင်းအဖြစ် သီဆိုနေကြတဲ့ ဒိုးချက်နဲ့ တေးတွေကို မန္တလေးမှာ ၁၉၄ဝ ကျော်ကတည်းက စတင် စပ်ဆိုခဲ့ကြတာပါ။

အဲဒီတေးတွေကြောင့်ပဲ မန်းသင်္ကြန်ကို လူတွေ စွဲလမ်းကြတာ ဖြစ်ပါတယ်။

စစ်ပြီးစ ပြန်လည် ထူထောင်ရေး အဖြစ် သီချင်းတွေနဲ့ အားပေး မြှင့်တင်ရင်း သင်္ကြန် ယဉ်ကျေးမှုအသစ်ကို ရခဲ့တာပါ။

နောက် ဒီတေးတွေဟာ စည်တိုတွေ လင်းကွင်းတွေနဲ့ အရပ်သူ အရပ်သားတွေ အလွယ်တကူ တီးမှုတ်သီဆိုနိုင်အောင် ရေးစပ်တဲ့ သီချင်းတွေ ဖြစ်လို့လည်း လူတွေ နှုတ်ဖျားမှာ ရေပန်းစားလာခဲ့ပါတယ်။

ဒီတေးတွေကို တီထွင်စပ်ဆိုခဲ့သူ မြို့မငြိမ်းလို့ သိရပြီး အရင်က သင်္ကြန်သီချင်းရယ်လို့ မယ်မယ်ရရ မရှိဘဲ ဇာတ်သီချင်း၊ အငြိမ့်သီချင်း၊ ဓာတ်ပြားသီချင်းတွေ သီဆိုနေကြရာက သီးသန့် ဖြစ်လာပါတယ်။

ကန်တော်ကြီးကို ခြေကန်ပက်တော့ ရီတာပေါ့ ၊ ငွေဖလားကြီးနဲ့ ရေကစားကြတော့ အလွန်ချမ်းသလေ စတဲ့ ခေတ်ဟောင်းတေးတွေက တဆင့်တက်ပြီး တူးပို့စည်းချက် သင်္ကြန်ဖြစ်လာပါတယ်။

မန်းသင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်အပြင် ဘာအစီအစဉ်တွေ ပါဝင်မလဲ

မန္တလေးသင်္ကြန်

Tuborg ဘီယာ တူးပို့ နဲ့ မကြော်ငြာဖို့ မြို့မ တောင်းဆို

ဓာတ်ပုံ မူပိုင် ပိုက်ကျုံးညွန့်
Image caption အကနဲ့အလှ အဓိကထားတဲ့ သင်္ကြန်

အဲဒီအချိန်က မန္တလေးမှာ ရာချီတဲ့ ရေပက် မဏ္ဍပ်တွေနဲ့ ရေပက်ခံအသင်းတွေ အတွက် သီချင်းတွေ အများအပြားကို မြို့ခံ တေးပြုစာဆိုတွေက စပ်ဆိုခဲ့ကြပါတယ်။

အထင်ရှားဆုံးက မြို့မငြိမ်း ဖြစ်ပြီး အေဝမ်းဆရာညှာ၊ ဦးဘသိန်း၊ ဦးဘိုခင် ၊ ကိုပေါ စတဲ့ တေးရေးဆရာတွေကလည်း နာမည်ကျော် သင်္ကြန်တေးတွေကို စပ်ဆိုခဲ့ကြတာဟာ ခုချိန်ထိ သီဆိုနေကြဆဲ ဖြစ်ပါတယ်။

၁၉၄၇ က သင်္ကြန်မှာ မြို့မငြိမ်းဟာ အပုဒ် ၂ဝ လောက် သီကုံးခဲ့တယ်လို့ သိရပါတယ်။

ဒီထဲက အထင်အရှား ကျန်ရစ်တာက တူးပို့၊ ရွှေမန်းမာလာ၊ သင်္ကြန်လုလင် စတဲ့ တေးတွေ ဖြစ်ပါတယ်။

မြနန္ဒာလို့ လူသိများတဲ့ မန်းတောင်ရိပ်ခို သီချင်းကတော့ မြို့မငြိမ်း တယောက်တည်း ရေးသလား၊ တခြား တေးရေးဆရာ တွေနဲ့ ရေးသလား ဆိုတာလည်း ငြင်းနေကြပါတယ်။

မန္တလေး သင်္ကြန် သရုပ်ပျက်ဝတ်ရင် အရေးယူမယ်

ဓာတ်ပုံ မူပိုင် Win Aung Gyi
Image caption နိုင်ငံကျော် အဆိုတော် ကိုအံ့ကြီး

အဲဒီအချိန်က နာမည်ကျော် စာရေးဆရာ သော်တာဆွေကတောင် မန္တလေးသူတွေဟာ သင်္ကြန်မတိုင်ခင်မှာလည်း လနဲ့ချီ အကတိုက်တယ်၊ သင်္ကြန်တွင်းမှာလည်း မနားတမ်း ကတယ် ဆိုတော့ သူတို့ လက်ကလေး ခြေထောက်ကလေးတွေ သနားစရာပဲလို့ စာဖွဲ့ခဲ့ပါတယ်။

ဒီသီချင်းတွေကို ကိုအံ့ကြီးက သီဆို အသံလွှင့်ခဲ့ပြီးနောက် ရန်ကုန်နဲ့ တခြားမြို့တွေမှာပါ လူသိပိုများလာပါတယ်။

ညှင်းသွဲ့သွဲ့လေပြေ၊ မူယာကြော့၊ ရွှေဝါမြေ စတဲ့တေးတွေဟာလည်း မန်းသင်္ကြန်မှာသာမက နိုင်ငံအနှံ့ ရောက်ရှိခဲ့ပါတယ်။

မန္တလေး သင်္ကြန်နဲ့ သင်္ကြန် ဂီတ

ဝင်းဖေ လွယ်အိတ် (မန္တလေး တပြ)

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
than gyat
Image caption ဂီတဇာတ်မြူး ချယ်ရီမြေ

၁၉၆၂ ခုနှစ်မှာ ဝင်းဦးနဲ့ ခင်သန်းနုတို့ရဲ့ မောင်တို့ချယ်ရီမြေ ဇာတ်ကား မန္တလေးနဲ့ မေမြို့မှာ လာရိုက်ပြီးနောက် မန္တလေးသင်္ကြန် တခေတ်ဆန်းပြန်ပါတယ်။

အမေရိကန်ကားကို မှီးတာ ဖြစ်ပေမယ့် မင်းသား ဝင်းဦးရဲ့ အဆိုပိုင်မှုကြောင့် ဇာတ်လမ်းကို လူကြိုက်များပြီး သင်္ကြန်ကားတပုဒ်အဖြစ် တင်ကျန်ခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာလည်း ဝင်းဦးနဲ့ မြို့မ တွဲဖက် သီဆိုမှုက မန်းသင်္ကြန်ရဲ့ သရုပ်လို ဖြစ်လာပါတယ်။

ဒီအကြောင်းတွေကို ဝင်းဦးက ဆယ်စုနှစ်တခေတ်စွန်းမန်းသင်္ကြန် စာအုပ်မှာ မှတ်တမ်းတင်ခဲ့ပါတယ်။

မန္တလေးကျုံးဘေးလက်ရန်းတွေကို ကြေးလက်ရန်းတွေနဲ့ အစားထိုးမယ်

ဓာတ်ပုံ မူပိုင် Sue Hnget
Image caption ဝင်းဦးနဲ့ မြို့မ တခေတ်

နောက်ပိုင်းမှာတော့ အထွေထွေ စီးပွားရေး ကျပ်တည်းမှုနဲ့ ယဉ်ကျေးမှု ပုံစံပြောင်းလာတာတွေကြောင့် မန္တလေး သင်္ကြန်ဟာ ၁၉၇ဝ နောက်ပိုင်းမှာ ကျဆင်းလာပါတယ်။

လူငယ် မျိုးဆက်သစ်တွေရဲ့ တေးသစ်တွေကတော့ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

မြို့မ အပြင် သင်္ဂဟ၊ မိုးကေသီ၊ တေးချစ်သူ စတဲ့ တေးဂီတဝိုင်းသစ်တွေကလည်း တေးသီချင်း အများအပြား ပေါ်ထွက်ခဲ့ပါတယ်။

ရှာပုံတော် မင်းသားကြီး၊ မမကိုယ်တိုင်က၊ နဂါးမယ်ကတဲ့ဗျော စတဲ့ တေးတွေဟာ မန်းသင်္ကြန် ခေတ်နှောင်းမှာ ပေါ်ထွန်းခဲ့တာပါ။

ဝင်းဖေရဲ့ မန္တလေး စကား အကြောင်း

လူထုဒေါ်အမာအကြောင်း လူမသိတဲ့ ၅ ချက်

ဓာတ်ပုံ မူပိုင် Aung Aung Yinmon
Image caption သင်္ကြန်မိုး မှာလည်း ခင်သန်းနုပြန်ပါ

၁၉၈၄ ခုနှစ် မီးလောင်ပြီးနောက် မန္တလေး စီးပွားရေး အနေအထား အကြီးအကျယ် ပြောင်းလဲခဲ့ပါတယ်။

၁၉၈၅ မှာ သင်္ကြန်မိုး ဇာတ်ကားရိုက်ကူးပြီး မန်းသင်္ကြန်ရဲ့ ခေတ်အကောင်းဆုံး အနေအထားကို မှတ်တမ်းတင်ခဲ့ကြပါတယ်။

ဒီကားကို ရိုက်ကူးသူတွေက မန္တလေး ရုပ်ရှင် အဆက်အနွယ်တွေ ဖြစ်ကြပြီး ဒီကားမှာ တေးရေးတဲ့ အဉ္စလီ မောင်မောင်ဟာ မြို့မငြိမ်း တပည့်ရင်း စန္ဒရားသိမ်းမောင်ရဲ့ ကျောင်းထွက် ဖြစ်ပါတယ်။

ဒီကားရဲ့ အောင်မြင်မှုကြောင့် မန္တလေး သင်္ကြန် ပြန်လည်ခေတ်ထ လာပေမယ့် ၁၉၈၈ အရေးအခင်းနဲ့ အာဏာသိမ်းမှုနောက်ပိုင်း သင်္ကြန်ပွဲလမ်းအနေအထားတွေ ပြောင်းခဲ့ပြန်ပါတယ်။

မန္တလေး သင်္ကြန်ဟာ မူလ ကျင်းပနေကျ မြို့တွင်းကနေ ကျုံးဘေးကို ရောက်ရှိခဲ့ပြီး ခေတ်ပေါ် တေးဂီတ စည်းချက်တွေနဲ့ ခေတ်ဟောင်း သင်္ကြန်တေးတွေ အဟပ်ကွာလာသလို သင်္ကြန် ယဉ်ကျေးမှုလည်း ပြောင်းလာပါတယ်။

မြန်မာ၊ မန္တလေး နဲ့ ဒေါ်အောင်ဆန်းစုကြည်

ရှမ်းသင်္ကြန်နဲ့ မြန်မာသင်္ကြန် ဘာကွာသလဲ

ဓာတ်ပုံ မူပိုင် ပွဲထိုင်
Image caption ၁၉၈ဝ ကျော်က မန်းသင်္ကြန်

အကနဲ့ အဆို အဓိက ထားတဲ့ သင်္ကြန်ကနေ ရန်ကုန်ပုံစံ ရေပက်တာ အဓိက ဖြစ်လာပါတယ်။

နောက် မြို့အနေအထား ပြောင်းရွေ့လာလို့ မဏ္ဍပ်လုပ်သူတွေ နည်းလာပါတယ်။

ကုမ္ပဏီနဲ့ ဌာနဆိုင်ရာတွေက အဓိက လုပ်တဲ့ သင်္ကြန်မဏ္ဍပ်ကြီးတွေပဲ များလာပါတယ်။

အရပ်သူ အရပ်သားတွေနဲ့ ဖျော်ဖြေကြတဲ့ သင်္ကြန်ကနေ ကြော်ငြာပုံစံ ပိုဆန်လာတယ်လို့လည်း ပြောဆိုကြပါတယ်။

လမ်းလျှောက် သင်္ကြန် အဖြစ် ၂ဝ၁၇ က စပြီး မန္တလေး သင်္ကြန်ကို ပြန်အသက်သွင်းဖို့ ကြိုးစားကြပေမယ့် အရင်လို တေးရေးဆရာ ကောင်းကောင်းနဲ့ ခေတ်နဲ့လိုက်ဖက်မယ့် သင်္ကြန်တေးတွေ ထပ်ရေးဖို့ လိုနေပြီလို့ ထောက်ပြသူတွေ ရှိနေပါတယ်။

နှစ်ဆန်း တစ်ရက်နေ့မှ မောင်တောမှာ စတင် ရေကစား

ချင်းတွင်းမြစ်ကမ်းပေါ်မှာ လုပ်မယ့် ထူးခြားတဲ့ သင်္ကြန်

ဓာတ်ပုံ မူပိုင် Aung Taik
Image caption မန္တလေးအကရဲ့ သွယ်ပျောင်းမူယာ

ဆက်စပ် အကြောင်းအရာများ